အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ တရုတ်သံမှူးကြီး သွားရောက်လေ့လာ

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ တရုတ်သံမှူးကြီး သွားရောက်လေ့လာ

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ တရုတ်သံမှူးကြီး သွားရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing သည် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်သို့ ဩဂုတ်လ ၁၇ ရက်နေ့တွင် သွားရောက်လေ့လာကြောင်း သိရသည်။

သံမှူးကြီးသည် ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးနှင့် ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ပြီး သံရုံးကိုယ်စား စာကြည့်တိုက်သို့ စာအုပ်များ လက်ဆောင်ပေးအပ်ခဲ့သည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ တရုတ်သံမှူးကြီး သွားရောက်လေ့လာအမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ တရုတ်သံမှူးကြီး သွားရောက်လေ့လာ

တရုတ်နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ဓာတ်ရေးရာယဉ်ကျေးမှု၏ အပြန်အလှန်ညှိနှိုင်းမှုကို များစွာအလေးထားကြောင်း၊ စာကြည့်တိုက်များ ဒစ်ဂျစ်တယ်ပုံစံ၊ ကွန်ရက်ချိတ်ဆက်မှုပုံစံ၊ စမတ်ပုံစံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် မြှင့်တင်ဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး စာဖတ်ရှုနှုန်းမြင့်မားစေရန် ဆောင်ရွက်လျက်ရှိပြီး “စာဖတ်ရှုနှုန်းမြင့်မားသည့် တရုတ်နိုင်ငံ” အဖြစ် တည်ဆောက်လျက်ရှိကြောင်း သံမှူးကြီး Ms. Cao Jing က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဆက်လက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသည် တည်နေရာချင်း နီးကပ်နေပြီး ပြည်သူချင်း ခင်မင်ရင်းနှီးကာ ယဉ်ကျေးမှုချင်း ဆက်နွှယ်လျက်ရှိပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ ရှည်လျားသည့်သမိုင်းကြောင်းရှိကြောင်း၊ စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ နှစ်နိုင်ငံယဉ်ကျေးမှု ပေါင်းစည်းမှုနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရန် ဆန္ဒရှိကြောင်း သံမှူးကြီးက ပြောကြားပါသည်။

ဒေါက်တာကေသီအေးကလည်း မြန်မာပြည်သူများသည် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများအပေါ် ပိုမိုစိတ်ဝင်စားလာကြကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်သည် တရုတ်သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်သိရှိမှုနှင့် ချစ်ခင်ရင်းနှီးမှုများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%80%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba-%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9小时前
下一篇 9小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....