စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်
တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ပြီး စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄)များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန်အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှတဆင့်လည်းကောင်း၊ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာမြိုနယ်ပညာရေးမှူးရုံးများမှတဆင့်လည်းကောင်း သတ်မှတ်ရက်များအတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/28/%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%81%8a-%e1%80%9e%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9f%e1%80%b1%e1%80%ac%e1%80%84/