ပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် “ရသရနံ့ “ပန်းချီပြပွဲ

မန္တလေးတောင်ပန်းချီပြခန်းတွင် ပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် “ရသရနံ့ “ပန်းချီပြပွဲ ၅ရက်ကြာ ကျင်းပမည်

ပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် "ရသရနံ့ "ပန်းချီပြပွဲ

ချင်းတွင်းရေကြည် ပန်းချီဆရာ ခင်မောင်ညို၏ တစ်ကိုယ်တော် “ရသရနံ့” အမည်ရှိ ပန်းချီပြပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ မန္တလေးတောင်ပန်းချီပြခန်းတွင် ဇူလိုင်လ ၁ ရက်မှ ၅ ရက်နေ့အထိ ၅ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

“ပန်းချီနဲ့ ပတ်သက်ပြီး အနုပညာခံစားတတ်အောင် ပြပွဲနာမည်ကို “ရသရနံ့”လို့ ပေးဖြစ်တာပါ” ဟု ပန်းချီဆရာ (ဦး)ခင်မောင်ညိုကပြောသည်။

ပြုလုပ်မည့်ပန်းချီပြပွဲသည် ပန်းချီဆရာ (ဦး)ခင်မောင်ညို၏ ပထမဆုံးတစ်ကိုယ်တော်ပြပွဲဖြစ်ပြီး ၃ပေ×၂ပေ မှ ၁၀လက်မ×၁၂လက်မ အရွယ် ရေဆေးနှင့် အခရိုင်းလစ် ပန်းချီလက်ရာပေါင်း(၇၀)ကျော် ပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် "ရသရနံ့ "ပန်းချီပြပွဲပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် "ရသရနံ့ "ပန်းချီပြပွဲပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် "ရသရနံ့ "ပန်းချီပြပွဲပန်းချီဆရာခင်မောင်ညို၏ တစ်ကိုယ်တော် "ရသရနံ့ "ပန်းချီပြပွဲ

လွန်ခဲ့သည့် နှစ် ၅၀ ခန့် (၁၉၇၄)ခုနှစ်မှစ၍ မုံရွာမြို့၊ ရတနာပုံရပ်တွင် ကိုယ်ပိုင်ပန်းချီလုပ်ငန်းဖြင့် စတင်ခဲ့သော ဆရာ(ဦး)ခင်မောင်ညို သည် ရန်ကုန်-မန္တလေး ပန်းချီပန်းပုပြပွဲကြီးများ၊ အုပ်စုလိုက်ပန်းချီပြပွဲများ၊ ချင်းတွင်းရေကြည် ရေဆေးပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့သူတစ်ဦးဖြစ်သည်။။

ယခင်က မုံရွာမြို့တွင် ကိုယ်ပိုင်ပန်းချီသင်တန်း ဖွင့်လှစ်ခဲ့သကဲ့သို့ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် အချိန်ပိုင်းပန်းချီနည်းပြ လုပ်ခဲ့ကြောင်းသိရသည်။

ဆရာခင်မောင်ညိုသည် မုံရွာမြို့ နေဝင်းရုပ်ရှင်ရုံ ပန်းချီဆရာကြီး ဦးတင်မောင်၊ အ-လ-က-၂ ပန်းချီဆရာကြီး ဦးညွန့်ခင်၊ အ-ထ-က (၁) ပန်းချီဆရာကြီး ဦးသိန်းလှိုင်၊ ပန်းချီဆရာကြီး ဦးဘတိုး၊ ပန်းချီဆရာကြီး ဦးဘမိုး(ရန်ကုန်) တို့ထံတွင် ပန်းချီပညာသင်ယူခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/30/%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%86%e1%80%9b%e1%80%ac%e1%80%81%e1%80%84%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%8a%e1%80%ad%e1%80%af%e1%81%8f/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 26, 2023 11:11 上午
下一篇 6月 30, 2023 9:27 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....