ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဈေးအနည်းငယ်မြင့်တက်နေဆဲဖြစ်

ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဈေးအနည်းငယ်မြင့်တက်နေဆဲဖြစ်

ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဈေးအနည်းငယ်မြင့်တက်နေဆဲဖြစ်

ယခုတစ်ပတ် ဇွန်တတိယပတ်အတွင်း ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဈေးအနည်းငယ်မြင့်တက်နေဆဲဖြစ်ကြောင်း ပဲကုန်သည်များထံက သိရသည်။

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲစင်းငုံမှာ သိသိသာသာ ဈေးကျဆင်းသွားရာ ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း လိုက်ပါ ဈေးကျဆင်းသွားကြောင်း၊ ပစ္စည်းအသစ် အဝင် နည်းပါးပြီး လက်ကျန် နည်းသည့် မြေပဲဆန်နှင့် နှမ်းမျိုးစုံမှာ ယခင်သီတင်းပတ်ထက် ဆက်လက်ပြီး ဈေးမြင့်တက်နေကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းသည်လည်း တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဆက်လက်ပြီး ဈေးမြင့်တက်နေကြောင်း၊ ပို့ကုန်ပဲများ ဈေး ကျဆင်းမှုမှာ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်ကြောင်း၊ အခြား ဒေါ်လာဈေး၊ ရွှေဈေးများမှာ ဈေး မြင့်တက်လာကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံကပြောသည်။

“ဇွန်တတိယပတ်အတွင်း ပို့ကုန်ပဲများနဲ့ ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေတာကနေ ဇွန် ၂၂ ရက်မှာ မတ်ပဲ၊ ပဲစင်းငုံတို့ တစ်အိတ်ကို ငွေကျပ် တစ်သောင်းခန့် ဆက်ပြီး ဈေး ကျဆင်းသွားပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေကလည်း အလားတူ လိုက်ပါဈေးကျဆင်းသွားပါတယ်။ တရုတ်လိုင်းတင်ပို့နေတဲ့ နှမ်းမျိုးစုံ ကတော့ ပစ္စည်းအဝင်နည်းတာကြောင့် တစ်အိတ်လျှင်ငွေကျပ် သုံးသိန်းကျော် ပေါက်ဈေးဖြစ်နေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်း တွေကတော့ ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။

ဇွန် ၂၂ ရက်တွင် ပို့ကုန်ပဲ များမှာ ငွေကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ဈေးကျဆင်းသွားရာ သုံးတင်းဝင် မတ်ပဲ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ကျဆင်းသွားသော်လည်း ပဲတီစိမ်းအညာ ၅၆ ဒသမ  ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၃၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပြည်တွင်းသုံး ပဲမာ လိုင်းများဖြစ်သည့် ပဲကြီး၊ ပဲထောပတ်၊ မြေထောက်ပဲ၊ ကျွန်းစားတော်ပဲတို့သည် ယခင်သီတင်းပတ်ထက် ဆက်လက်၍ ဈေးမြင့်တက်လာရာ  သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ထပ်မံဈေးမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/26/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%86%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 26, 2023 11:10 上午
下一篇 6月 30, 2023 9:27 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....