၂၀၂၃ ခုနှစ် “Chinese Bridge” တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ

၂၀၂၃ ခုနှစ် “Chinese Bridge” တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ ရန်ကုန်ဖိုင်နယ်ပြိုင်ပွဲ ကျင်းပပြီးစီး

၂၀၂၃ ခုနှစ် “Chinese Bridge” တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ

၂၀၂၃ ခုနှစ် “Chinese Bridge” ကမ္ဘာ့တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားကျောင်းသူများ တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ ရန်ကုန်ဖိုင်နယ်ပြိုင်ပွဲကို ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖိုင်နယ်ပြိုင်ပွဲ၌ ရန်ကုန်မြို့ တရုတ်ဘာသာစကားကျောင်းအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင် ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖိုင်နယ်ပြိုင်ပွဲတွင် ကျပန်းစကားပြောခြင်း၊ အနုပညာတင်ဆက်ဖော်ပြခြင်းနှင့် ဗဟုသုတအမေးအဖြေဟူ၍ အပိုင်းသုံးပိုင်းပါဝင်သည်။

အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီးနောက် Myanmar International Education Center မှ Huang Lixuan က တက္ကသိုလ်ကျောင်းသားအုပ်စု ပထမဆု၊ ELBC (Eastern Language and Business Center) မှပြိုင်ပွဲဝင် Qiu Youen က အလယ်တန်းကျောင်းသားအုပ်စု ပထမဆုတို့ကို ဆွတ်ခူးရရှိကြပြီး တစ်ကမ္ဘာလုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Pan Feng၊ ဖူကျန့် တရုတ်အမျိုးသားအသင်း ဥက္ကဋ္ဌ Mr. Xu Zhimin ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Gao Jingchuan တို့တက်ရောက်အမှာစကားပြောကြားခဲ့သည်။

သံမှူး Mr. Pan Feng က အမှာစကားပြောကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့်ယဉ်ကျေးမှု အဆိုပြုချက်နှင့် တရုတ်ဘာသာစကား နိုင်ငံရပ်ခြားတွင်ပြန့်ပွားစေရေး တိုးတက်မှုအခြေအနေအသစ်အကြောင်း မိတ်ဆက်ပေးလိုက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် လူမှုရေးကူးလူးဖလှယ် အပြန်အလှန်အတုယူရာတွင် တရုတ်ဘာသာစကား လူတော်လူချွန်များစွာလိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက “Chinese Bridge” ပလက်ဖောင်းအား ကောင်းမွန်စွာအသုံးပြု၍ တရုတ်ဘာသာစကား လေ့လာသင်ယူမှုကို ကောင်းမွန်စွာအသုံးချကာ တရုတ်-မြန်မာချစ်ကြည်ရေးအား လက်ဆင့်ကမ်းတိုးတက်စေသည့် သံတမန်အဖြစ်ထမ်းဆောင်ရန် အားပေးကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/30/%e1%81%82%e1%81%80%e1%81%82%e1%81%83-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-chinese-bridge-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%98%e1%80%ac%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 30, 2023 9:27 下午
下一篇 6月 30, 2023 9:31 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....