မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံသို့ မြန်မာကုန်ကားများ ဝင်ခွင့်ပြုလိုက်ပြီ
တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်စည်ကူးသန်းသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကျင်စန်းကျော့-မန့်မိုင် (ဝမ်တိန်) ဂိတ်မှ မြန်မာကုန်ကားများသည် တရုတ်နိုင်ငံအတွင်းသို့ မေလ ၁၆ ရက်ကစတင်ကာ ဝင်ထွက်ခွင့်ပြုလိုက်ပြီး မေလ ၁၇ ရက်နေ့တွင် စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း နယ်စပ်ရှိ ကုန်သည်များထံက သိရသည်။
ပြီးခဲ့သည့်ကာလတွင် တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်ဖြင့် ကျင်းစန်းကျော့ဂိတ်ကို ပိတ်ခဲ့ရာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဂိတ်ပြန်ဖွင့်ခဲ့သော်လည်း မြန်မာကုန်တင်ကားများကို တိုက်ရိုက်ဝင်ခွင့်မပြုဘဲ တရုတ် အငှားကုန်တင်ကား တရုတ်ခေါက်တို အစားထိုးယာဉ်မောင်း (ရှန်တိန်) နဲ့သာ ကုန်တင်ယာဉ် ဝင်ထွက်ခွင့်လုပ်ရန် ကန့်သတ်ထားရာမှ ယခုကဲ့သို့ မြန်မာကုန်တင်ကားများ တရုတ်နိုင်ငံသို့ ပြန်လည် ဝင်ခွင့်ရခြင်းဖြစ်ပါသည်။
ထိုသို့ တရုတ်နိုင်ငံသို့ မြန်မာကုန်တင်ကားများ ပြန်လည်ဝင်ခွင့်ရသဖြင့် ဈေးနှုန်းကြီးမြင့်သည့် တရုတ်ခေါက်တိုကားငှားရမ်းခ ကုန်ကျစရိတ်သက်သားသွားသည့်အပြင် ကုန်ပစ္စည်းကားအပြောင်းအလွှဲ တွင် ပျက်စီးရခြင်းမှာလည်း သက်သာသွားကြောင်း ကုန်သည်များကပြောသည်။
ကိုဗစ် အကြောင်းပြချက်ဖြင့် မန်ဝိန်း-ကျယ်ဂေါင်ဂိတ်၊ နန်းတော်-ကျယ်ဂေါင်ဂိတ်၊ ဆင်ဖြူ-ကျယ်ဂေါင် ဂိတ်များကို ၂၀၂၀ ဧပြီလကတည်းက ပိတ်ထားခဲ့ပြီး နန်းတော်ဂိတ်မှ မြန်မာပြည်တော်ပြန်များကို ထွက်ခွင့်ပြုခဲ့ကာ ကြူကုတ်(ပန်ဆိုင်း) – ဝမ်တိန်ဂိတ်ကို ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့မှ ယနေ့ထိ ပိတ်ထားဆဲ ဖြစ်ကြောင်း သတင်းများအရ သိရသည်။
ကောင်းကောင်း
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/23/edec4e649e/