ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်တွင် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၅.၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂.၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄၇၉၃.၃၀၈ ကီလိုကျော်၊ ကက်တမင်း ၈၀၅.၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀.၈၇၆ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇.၃၁၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅.၂၆၈ ဘီလီ ယံကျော်(အမေရိကန်ဒေါ်လာ ၁၆၉.၁၇၅ သန်း)အား ဖျက်ဆီးခဲ့သည်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

ထို့အတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ် ရပ်နားကွင်း၌ ကျင်းပသည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁၇၆.၂၃၂ ကီလိုကျော်၊ ဘိန်းဖြူ ၉၂.၅၂၁ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်းကျော်၊ အိုက်စ် ၁၂၇၄၈.၃၀၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈.၈၃၈ ကီလိုကျော်၊ ကက်တမင်း ၄၁၆၃.၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅.၈၇၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၃၆.၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၇.၈၃၆၄ သန်းကျော်) အား ဖျက်ဆီးခဲ့သည်။

မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၈.၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀.၄၄၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃၅၂၇.၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂.၆၇၃ ကီလိုကျော်၊ ဆေးခြောက် ၂၇၄.၇၈၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄.၉၉၈ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၉.၀၄၆၇ သန်း) အား ဖျက်ဆီးခဲ့သည်။

ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ် များကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်အား ၂၀၆၂ ဦး တက်ရောက်ခဲ့ကာ ဘိန်း ၁၁၃၀.၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅.၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉.၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈.၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁.၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁.၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇.၃၁၅ ကီလိုကျော်အပါအဝင် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆.၇၂၃ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၆.၀၅၈ သန်း) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/30/%e1%80%96%e1%80%99%e1%80%ba%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%9b%e1%80%99%e1%80%ad-%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 30, 2023 9:27 下午
下一篇 6月 30, 2023 9:35 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....