ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းစစ်ဆေးရာမှ ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ပတ်လမ်း၊ ထင်းရှူးတောအနီး၌ သတင်းရရှိထားသည့် Canter ၆ ဘီး မော်တော်ယာဉ်ကိုရှာဖွေခဲ့ရာ ယာဉ်မောင်း စိုင်းဆိုင်မိုင်း ယာဉ်နောက်လိုက် စိုင်းရှင်းသန့်ဇင် တို့နှင့်အတူ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၇၀၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် မူးယစ်ဆေးဝါး ဘိန်းဖြူ ၇၀၀ ဂရမ်တို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဖမ်းမိမူးယစ်ဆေးဝါးများကို ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရန် ရောက်ရှိပူးပေါင်း ဆောင်ရွက်သူများဖြစ်သည့် ရဲနောင်၊ နေလင်းထိုက် နှင့် လန်ဒိုမုန် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂၀၀ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ Garden City အိမ်ရာဝင်းတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဝင်းကျော်သူ၊ အောင်ဇော်မျိုး တို့အား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ စိုင်းဖ(ခ)အောင်မင်းခန့် ၏ နေအိမ်မှ မြန်မာငွေကျပ်သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာ၊ မော်တော်ယာဉ် ၃ စီး ထပ်မံသိမ်းဆည်းရမိခဲ့သည်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ ယာဉ်၊ နေအိမ်တိုက်ခန်းနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/30/%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95%e1%80%ba-%e1%81%81%e1%81%84-%e1%80%92%e1%80%9e%e1%80%99-%e1%81%81%e1%81%85-%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 30, 2023 9:31 下午
下一篇 6月 30, 2023 9:38 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....