ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်သို့ ပြောင်းများတင်ပို့လျက်ရှိ
နယ်စပ်မှထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ခွင့် ပိတ်သွားပြီးနောက် စက်တင်ဘာလကစပြီး ပြောင်းကို ပင်လယ်ရေကြောင်းကတဆင့် အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို တင်ပို့နေရာ ဖိလစ်ပိုင်နိုင်ငံကို အများဆုံးတင်ပို့နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း က သိရသည်။
ထိုင်းနိုင်ငံကို အခွန်လွတ်နှင့် တင်ပို့ခွင့်သည့် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်တွင် ကုန်ဆုံးပြီဖြစ်သည့်အတွက် လက်ကျန်ပြောင်းများကို ပင်လယ်ရေကြောင်းကတဆင့် အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို တင်ပို့နေခြင်း ဖြစ်သည်။ လက်ရှိ ပြောင်းတစ်တန်ကို FOB ဈေး ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိနေသည့်အတွက် ပင်လယ်ရေကြောင်းက တင်ပို့ရန် အဆင်ပြေကြောင်း သိရသည်။
ယခုနှစ်တွင် ပြည်တွင်းတိရစ္ဆာန်အစာ ပြုလုပ်သည့်ဈေးကွက်မှာလည်း ဝယ်ယူမှု ပိုများပြီး တန်ချိန် ၈ သိန်းကျော်အထိ ဝယ်လိုအားရှိလာကြောင်းပြောင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်ပြောင်းဈေးကွက်တွင် ပြောင်းတစ်ပိဿာကို ကျပ် ၁၁၀၀ ဝန်းကျင် ပေါက်ဈေး ဖြစ်ပေါ်နေပြီး တောင်သူများ လက်ဝယ်တွင် ဆောင်းပြောင်း လက်ကျန်မရှိတော့သော်လည်း လာမည့် နိုဝင်ဘာလတွင် နွေပြောင်းများ ပြန်ပေါ်လာတော့မည်ဖြစ်သည်။
၂၀၂၂-၂၀၂၃ ပြောင်းရာသီ၌ ပြည်ပကို ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့ထားပြီး လက်ရှိတွင် မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို စက်တင်ဘာလမှ ဇန်နဝါရီလထိ ရပ်နားထားရကြောင်း သိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/15/%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a%e1%81%8a-%e1%80%97%e1%80%ae%e1%80%9a%e1%80%80%e1%80%ba%e1%80%94%e1%80%99%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%96%e1%80%ad%e1%80%9c/