နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်

နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်

နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် လက်ရှိတွင် ၄၁.၇၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

“နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးရင် ဟုမ္မလင်းမြို့နဲ့အနီးတဝိုက် ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ MSMEs လုပ်ငန်းတွေအတွက် လျှပ်စစ်ဓာတ်အား အလုံအလောက် ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလမှာ ပြီးစီးအောင် ဆောင်ရွက်စေလိုပါတယ်။ သတ်မှတ် အရည်အသွေးတွေနဲ့ ကိုက်ညီအောင် တည်ဆောက်လို့ လုပ်ငန်းဆောင်ရွက်မှုအပေါ် စေတနာထား ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်” ဟု နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းသို့ ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကပြောသည်။

နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်

နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိပြီး Concrete Gravity Dam တမံ အမျိုးအစားဖြစ်ကြောင်းသိရသည်။

တမံအလျား ၄၇၃ ပေ၊ တမံအမြင့် ၁၁၄.၈ ပေ၊ ရေအားအမြင့် ၈၀.၃၈ ပေ၊ နှစ်စဉ်ပျဉ်းမျှစီးဝင်ရေ ၁.၁၀ သိန်းဧကပေ ရှိမည်ဖြစ်ပြီး သံကူကွန်ကရစ် ရေပိုလွှဲဖြစ်ကာ တပ်ဆင်စက် အင်အားသည်  ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်)ဖြစ်ရာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာအချက်အလက်များမှသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/14/%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%95%e1%80%84-%e1%80%a1%e1%80%9e%e1%80%b1%e1%80%b8%e1%80%85%e1%80%ac%e1%80%b8-%e1%80%9b%e1%80%b1%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 10, 2023 11:21 上午
下一篇 7月 14, 2023 10:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....