တရုတ်ကျောင်းသားများ မြန်မာသံရုံးသို့ သွားရောက်လေ့လာပြီး ယဉ်ကျေးမှုဖလှယ်

တရုတ်ကျောင်းသားများ မြန်မာသံရုံးသို့ သွားရောက်လေ့လာပြီး ယဉ်ကျေးမှုဖလှယ်

တရုတ်ကျောင်းသားများ မြန်မာသံရုံးသို့ သွားရောက်လေ့လာပြီး ယဉ်ကျေးမှုဖလှယ်

တရုတ်နိုင်ငံတစ်ဝှမ်းရှိ အသက် ၇ နှစ်မှ ၁၅ နှစ်ထိ မူလတန်း-အလယ်တန်း ကျောင်းများမှ ကျောင်းသားကလေးငယ်များ လာရောက် လေ့လာသည့် ယဉ်ကျေးမှုဖလှယ်ပွဲကို ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ မြန်မာသံရုံး၌ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အား မြန်မာ-တရုတ် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်သည့် အနေဖြင့် တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ International Cultural Exchange Programme အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေး ထိတွေ့ဆက်ဆံ ဖလှယ်မှုများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှု ဖလှယ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်လျက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ကျောင်းသားများ မြန်မာသံရုံးသို့ သွားရောက်လေ့လာပြီး ယဉ်ကျေးမှုဖလှယ်တရုတ်ကျောင်းသားများ မြန်မာသံရုံးသို့ သွားရောက်လေ့လာပြီး ယဉ်ကျေးမှုဖလှယ်

ယဉ်ကျေးမှုဖလှယ်ပွဲတွင် သံအမတ်ကြီးမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး မြန်မာသံရုံး၏ တာဝန်ရှိသူမှ တရုတ်ကျောင်းသားကလေးငယ်များအား မြန်မာနိုင်ငံ အကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း/ရေ/လေ) မိသားစုဝင်များ၏ မြန်မာကျောင်းသားကလေးငယ်များမှလည်း မြန်မာတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ဗဟုသုတ အမေးအဖြေများ မေးမြန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ မြန်မာ-တရုတ် ကျောင်းသားကလေးငယ်များအကြား ချစ်ခင်ရင်းနှီးစွာ ယဉ်ကျေးမှုဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/14/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%99%e1%80%bc%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 14, 2023 10:02 上午
下一篇 7月 14, 2023 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....