ရှမ်းပြည်နယ်သက်မွေးပညာသင်တန်းစင်တာပန္နက်တင်မင်္ဂလာ

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာရှိ ထမင်းစားဆောင်နှင့် အလုပ်ရုံအဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်သက်မွေးပညာသင်တန်းစင်တာပန္နက်တင်မင်္ဂလာ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် တည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာရှိ ထမင်းစားဆောင်နှင့် အလုပ်ရုံအဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing တက်ရောက် အမှာစကားပြောကြားခဲ့ရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံလုံးသည် တိုင်းရင်းသားလူမျိုးစု များပြားသည့် နိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်ပုံစံခေတ်မီမှု လမ်းကြောင်း လျှောက်လှမ်းခြင်းဖြင့် တိုင်းရင်းသားပြည်သူအားလုံး သာယာချမ်းမြေ့သည့် ဘဝအပေါ် မျှော်လင့်တောင့်တမှုများကို အဆက်မပြတ် ဖြည့်ဆည်းပေးပြီး တိုင်းရင်းသားလူမျိုးအားလုံး ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု ဂုဏ်ရောင်ခြည်ကို အတူမျှဝေခံစားကာ ကောင်းမွန်သည့်အနာဂတ်ကို အတူဖန်တီးရစေကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် လှုပ်ရှားမှုဦးတည်ချက်ကို ကိုင်စွဲထားပြီး ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေကာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဖော်ဆောင်ကြောင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်သက်မွေးပညာသင်တန်းစင်တာပန္နက်တင်မင်္ဂလာ

ဆက်လက်ပြီး သံမှူးကြီးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ စီမံကိန်းတည်ဆောက်မှုအား ပံ့ပိုးပေးခဲ့ခြင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပေါင်းစပ်ဖွံ့ဖြိုး တိုးတက်မှုအပေါ် ပံ့ပိုးကူညီမှုကို ထင်ဟပ်စေကြောင်း၊ အဆိုပါစင်တာသည် ရှမ်းပြည်နယ်ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းစွမ်းရည် လေ့ကျင့်မှုပေးပြီး ၎င်းတို့ပိုမိုကောင်းမွန်စွာ လုပ်ငန်းခွင်ဝင်နိုင်ကာ လူနေမှုဘဝ ကောင်းမွန်လာစေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် လူမျိုးစုများ ကူးလူးဖလှယ်ရေးအတွက်လည်း ပလက်ဖောင်းထောက်ပံ့ပေးကာ အပြန်အလှန်နားလည်ယုံကြည်မှုနဲ့ ပေါင်းစပ်မှုကို မြှင့်တင်ပေးသွားနိုင်ကြောင်း၊ အဆိုပါစီမံကိန်းသည်လည်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုယဉ်ကျေးမှုအဆိုပြုချက်ကို လက်တွေ့ဖော်ဆောင်ခြင်း၏ ဖော်ပြချက်ပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ တိုင်းရင်းသားလူမျိုးစုဒေသ ဖွံ့ဖြိုးတိးတက်မှုကို မြှင့်တင်သွားလိုပြီး သက်မွေးပညာလေ့ကျင့်ရေးအပိုင်းတွင် အတွေ့အကြုံများ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရေးကိုမြှင့်တင်သွားကာ မြန်မာနိုင်ငံက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန် အထောက်အကူပေး၍ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းအဖြစ် တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်သက်မွေးပညာသင်တန်းစင်တာပန္နက်တင်မင်္ဂလာ

ရှမ်းပြည်နယ်သက်မွေးပညာသင်တန်းစင်တာပန္နက်တင်မင်္ဂလာရှမ်းပြည်နယ်သက်မွေးပညာသင်တန်းစင်တာပန္နက်တင်မင်္ဂလာ

ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း သာယာဝပြောမှုနှင့် စဉ်ဆက်မပြတ် ညီမျှစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပြီး အာဆီယံအသိုက်အဝန်းနှင့် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရေးအတွက် အကျိုးထမ်းဆောင်ပေးကြောင်း၊ တရုတ်နိုင်ငံက ထောက်ပံ့သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတည်ဆောက်ပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ စီမံကိန်းတည်ဆောက်ပြီးနောက် ရှမ်းပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံးမှ တိုင်းရင်းသားပြည်သူများအတွက် ကွန်ပျူတာ၊ စက်ချုပ်၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း စသည့် သက်မွေးပညာလေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ပေးကာ လန်ချန်း-မဲခေါင်နိုင်ငံများနှင့် တိုင်းရင်းသားလူမျိုးဆိုင်ရာမူဝါဒ၊ ဓလေ့ထုံးစံနှင့် ဗဟုသုတများ ကူးလူးဖလှယ်သွားပြီး တိုင်းရင်းသားလူမျိုးဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူငြိမ်းနှင့် ဒေသခံပြည်သူကိုယ်စားလှယ်ပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာစီမံကိန်းသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပင်မအဆောင်နှင့် တွဲဖက်အဆောက်အဦကို ဆောက်လုပ်ပြီးစီး၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/14/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%8a%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 14, 2023 10:27 上午
下一篇 7月 14, 2023 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....