မန္တလေးနှင့်မြဝတီမြို့တို့မှလက်နက်ခဲယမ်းများဖမ်းမိ

မန္တလေးနှင့်မြဝတီမြို့တို့မှ ငွေကျပ် ၁ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

မန္တလေးနှင့်မြဝတီမြို့တို့မှလက်နက်ခဲယမ်းများဖမ်းမိ

မန္တလေးမြို့  မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့ နယ်နှင့် မြဝတီမြို့တို့မှ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ဒီဇင်ဘာလ၁၅ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၂လမ်းနှင့် ၆၀(c)လမ်းထောင့်တွင် သတင်းအရ ဇွန်ကိုလတ်နှင့် မခင်လဲ့ရည်ဖြိုး(ခ)နန်းမိငယ်တို့အား ရှာဖွေရာ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး နံနက် ၁၀ နာရီအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စာတိုးကျေးရွာရှိ ၎င်းတို့၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးနှင့်မြဝတီမြို့တို့မှလက်နက်ခဲယမ်းများဖမ်းမိမန္တလေးနှင့်မြဝတီမြို့တို့မှလက်နက်ခဲယမ်းများဖမ်းမိမန္တလေးနှင့်မြဝတီမြို့တို့မှလက်နက်ခဲယမ်းများဖမ်းမိ

ကွင်းဆက်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာ၁၅ရက်ည ၉ နာရီခွဲအချိန်တွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ တည်းခိုခန်းကို ဝင်ရောက်ရှာဖွေရာ စိုင်းလောင်ခမ်း (ခ) ဝမ်ရှီတာ (ခ) ဝတုတ်၊ နေထွန်းလှ (ခ) အိုက်ရင်၊ အောင်ကိုထွေး (ခ) ကိုစိုင်း နှင့် ကျင်ချန်း (ခ) လီကျင်ချန်း တို့ ၄ ဦးအား ပစ္စတိုသေနတ် ၁၉ လက်၊ ၎င်းကျည်အိမ် ၂၄ ခု၊ AK-47 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 MM ကျည် ၁၆ တောင့်နှင့် LEXUS မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဓနလမ်းရှိ အဟုန် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ရဲထက်ကျော် (ခ) ကျန်ချင်ဟိန်း နှင့် ဟိန်းဆွေ(ခ)ကွမ်ထုန်(ခ) ကတုံး တို့ ၂ ဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုညဒသမ ၉ ကီလို၊ ၁၂ ဗို့သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ကာဘိုင် ၄ လက်၊ AK-47 ၉ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ပစ္စတိုအသံတိတ်ကိရိယာ  ၃ ခု၊ ဆက်စပ်ကိရိယာများနှင့် ကျည်မျိုးစုံ ၂၂၀၀ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့လည်းကောင်း၊ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများအား ကရင်ပြည်နယ်၊ မြဝတီမြို့မှ ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့ လည်းကောင်း သယ်ဆာင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများ၊လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေများအပြင် တည်ဆဲဥပဒေများအရ အရေးယူထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:22 下午
下一篇 12月 27, 2022 3:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....