မုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံး

မုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံး

မုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်၊ နယ်မြေ(၁)၊ ဘုရားငါးဆူလမ်းတွင် ဇွန်လ ၇ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားရာ အချိန်တစ်နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးကြောင်း သိရသည်။

အင်ဗာတာအားသွင်းထားသော ဘက်ထရီအိုးညှပ်ကလစ်မှ မီးပွားထွက်ကာ အက်ဆစ်နှင့် ထိတွေ့ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မီးလောင်မှုကြောင့် နေအိမ် ၁၈ လုံးနှင့် ဆိုင်ကယ် ၂ စီး၊ စက်ဘီး ၂ စီး၊ ဘက်ထရီအိုး ၁ လုံး၊ အင်ဗာတာ ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၉ စုမှ လူဦးရေ ၇၃ ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံးမုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံးမုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံးမုံရွာမြို့၊ အေးသာယာရပ်တွင် နေအိမ်(၁၈) လုံးမီးလောင်ဆုံးရှုံး

အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၃ သိန်းနှုန်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ တစ်လစာအတွက် စုစုပေါင်းငွေကျပ် ၄၇သိန်းကျော် ထောက်ပံ့ပေးပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးအတွက် ငွေကျပ် ၂၂သိန်းကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံးများနှင့် သွားတိုက်ဆေး၊ သွားတိုက်တံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8a-%e1%80%a1%e1%80%b1%e1%80%b8%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac%e1%80%9b%e1%80%95%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 12, 2023 11:11 上午
下一篇 6月 12, 2023 11:19 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....