တရုတ်လိုင်း အဝယ်နည်းနေသောကြောင့် နှမ်းမျိုးစုံဈေးကွက် ကျဆင်းနေ
ယခုရက်ပိုင်း မြေပဲဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်းလာကာ တရုတ်လိုင်းအဝယ်နည်းနေခြင်းကြောင့်လည်း နှမ်းမျိုးစုံဈေးကွက်ပါ လိုက်ပါကျဆင်းနေကြောင်း ကုန်သည်များထံက သိရသည်။
“မြေပဲဆန်ဈေးကွက်ကတော့ အသစ်ဝင်ရောက်မှုတွေ ရှိလာပေမယ့် တရုတ်လိုင်း အဝယ်နည်းနေလို့ ဈေးကျဆင်းနေပါတယ်။ နှမ်းလိုင်းမှာလည်း တရားဝင်တင်ပို့မှု မရှိသေးလို့ အဝယ်အေးနေတာပါ။ မတ်ပဲကတော့ အဝယ်ပြန်ကောင်းနေပါတယ်။ ပဲစင်းငုံနီကတော့ အရောင်းဈေးကွက် နည်းပါတယ်။ ကုလားပဲ အုပ်စုကလည်း တဖြည်းဖြည်း ဈေးတက်နေတာမျိုးပါ။ ပြည်တွင်းသုံး ပဲမာလိုင်းမှာတော့ ပဲကြီး၊ ပဲထောပတ်၊ စွန်တာနီ၊ ပဲဇီးကွက်တို့ အဝယ်သွက်နေပါ တယ်” ဟု တက်နေလင်းပွဲရုံမှ ကိုဇင်မင်းဦး က ပြောသည်။
လတ်တလောတွင် နိုင်ငံငွေဈေးမြင့်တက်လာမှုနှင့်အတူ ပို့ကုန်သမားများ အဝယ်အေးနေခြင်းကြောင့် ပဲ၊ နှမ်းဈေး ခပ်အေးအေးအနေအထားသာ ရှိနေကြောင်း၊ တရုတ်နိုင်ငံသို့ ပဲ၊နှမ်း တင်ပို့မှုများ ရပ်နားထားကြောင်းလည်း သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/04/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%9d%e1%80%9a%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%94%e1%80%b1%e1%80%9e/