ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် မြန်မာဖရဲ တန်ချိန် လေးသောင်းကျော် တင်ပို့ခဲ့

ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် မြန်မာဖရဲ တန်ချိန် လေးသောင်းကျော် တင်ပို့ခဲ့

ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် မြန်မာဖရဲ တန်ချိန် လေးသောင်းကျော် တင်ပို့ခဲ့

ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် မြန်မာဖရဲ တန်ချိန် လေးသောင်းကျော် တင်ပို့ထားကြောင်း တရုတ်အကောက်ခွန် ဌာန၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ဝမ်တိန်နယ်စပ်ဂိတ်မှ မြန်မာသစ်သီး၀လံများ တရုတ်နိုင်ငံသို့ တင်ပို့ရန် အဓိကလမ်းကြောင်းမှာ ကျင်စန်းကျော့လမ်းကြောင်းမှတဆင့် တင်ပို့နေခြင်းဖြစ်ပြီး ဖရဲ၊ သခွား၊ သရက်သီး၊ မင်းဂွတ်သီး စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။ အဆိုပါလမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား အထွက်ရာသီ မတူညီသည့်အချိန်များတွင် ပိုမိုတင်ပို့ရပြီး မြန်မာနိုင်ငံမှ ဖရဲသီးတင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ယွမ် ၂၈ ဒသမ ၆၉၇ သန်း တန်ဖိုးရှိ မြန်မာဖရဲသီးတန်ချိန် လေးသောင်းကျော် တင်ပို့ခဲ့ခြင်း ဖြစ်သည်။

ယခင်က တရုတ်နယ်စပ်ဂိတ် အဝင်တွင် သစ်သီးများကို အခွန်ရှင်းလင်းခြင်းဆိုင်ရာ ကိစ္စရပ်များအား အခြားပို့ကုန်များနှင့် တန်းတူ တင်ပို့ခဲ့ရပြီး ယခုအခါ ဝမ်တိန် အကောက်ခွန်ဌာနက အခွန်ရှင်းလင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများ မြန်ဆန်လာခြင်း၊ အသီးကားများကို ဦးစားပေးလိုင်းပေးကာ ဝန်ဆောင်မှု ပေးနေခြင်းကြောင့် အသီးများ လတ်လတ်ဆတ်ဆတ် တရုတ်ပြည်တွင်းသို့ အမြန်တင်ပို့နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် မိုးဖရဲသီးများ တင်ပို့ချိန်ဖြစ်သောကြောင့် ဖရဲသီးတင်ပို့မှုများရှိနေရာ ဝမ်တိန် သစ်သီး၀လံကွင်းတွင် ပြန်လည် ထုပ်ပိုးခြင်း၊ ဒေသများခွဲဝေခြင်း တို့ကို မြန်ဆန်စွာ ဆောင်ရွက် တင်ပို့နေကြောင်း တရုတ်နယ်စပ်သတင်းဌာနများ၏ သတင်းဖော်ပြထားသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံမှ ဖရဲစိုက်ပျိုးခြင်း ကို ၂၀၁၉ ခုနှစ် ကိုဗစ်ကာလမှ စတင်ပြီး စိုက်ပျိုးမှု တဖြည်းဖြည်း လျော့ကျသွားရာ ခုနစ်လအတွင်း တန်ချိန်လေးသောင်းဆိုသည်မှာ ယခင်အချိန်များထက် များစွာ နည်းပါးကြောင်း ဖရဲကုန်သည်တစ်ဦး က ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/04/%e1%80%9a%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%af%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....