အရည်အသွေးကောင်း ကြက်သွန်နီများကို တရုတ်က ပုံမှန်အဝယ်ရှိ

အရည်အသွေးကောင်း ကြက်သွန်နီများကို တရုတ်က ပုံမှန်အဝယ်ရှိ

အရည်အသွေးကောင်း ကြက်သွန်နီများကို တရုတ်က ပုံမှန်အဝယ်ရှိ

မုံရွာကြက်သွန်နီစျေးကွက်တွင် အရည်အသွေးကောင်း ကြက်သွန်နီများကို တရုတ်က ပုံမှန်အဝယ်ရှိနေကြောင်း အမွှာလေးကြက်သွန်ပွဲရုံ ပိုင်ရှင် ကိုမင်းမင်းဦး ထံမှသိရသည်။

“လက်ရှိ ကြက်သွန်နီစျေးကွက်က ချင်းတွင်းအထက်ပိုင်းလိုင်း သွားနေတယ်။ ပြည်ပပို့က တရုတ်ကိုပို့ဖို့ အထိုင်ဝိုင်း အရည်အသွေးကောင်းရင် ပုံမှန်ဝယ်သူတော့ရှိတယ်။ ချွန်းတာတွေ၊ လျားတာတွေ၊ အစိုဖော်တာတွေဆိုရင် ဘုရင့်နောင်၊ မော်လမြိုင် စျေးကွက်တွေတော့ သွားရတယ်” ဟု ကိုမင်းမင်းဦး ကပြောသည်။

အရည်အသွေးကောင်း ကြက်သွန်နီများကို တရုတ်က ပုံမှန်အဝယ်ရှိအရည်အသွေးကောင်း ကြက်သွန်နီများကို တရုတ်က ပုံမှန်အဝယ်ရှိ

ပြည်တွင်းရန်ကုန်ပေါက်စျေးသည် ကြက်သွန်နီတစ်ပိသာလျှင် ကျပ် ၁၀၀၀ မှ ၁၂၅၀ ကြားရှိပြီး ပြည်ပက တူး၊ သရီး၊ ဖိုး၏ ခန့်မှန်းပေါက်စျေးသည် တစ်ပိသာကျပ် ၁၁၀၀ မှ ၁၃၀၀ အကြား ရှိကြောင်းသိရသည်။

“ပြည်ပပို့တာ ကားခေါ်ရမလွယ်တာ၊ တရုတ်ဖက်က စျေးအတက်အကျရှိတော့ ပုံမှန်ဖောက်သည်က ဝယ်တယ်။ အင်တိုက်အားတိုက် မဝယ်ဘူး။ ပုံမှန်ပြည်ပက ဝယ်သွားမယ်ဆိုရင် ကြက်သွန်နီက စျေးကောင်းနိုင်ပါတယ်။ ဇွန်လ၊ ဇူလိုင်လအထိဆိုရင် ကြက်သွန်နီက တစ်ပိသာ ကျပ် ၁၅၀၀ နဲ့ ၂၅၀၀ ကြားမှာပဲရှိမယ်လို့ ခန့်မှန်းပါတယ်။ လက်ရှိက မြို့နဲ့နီးတဲ့နေရာလောက်သာ ကြက်သွန်လှောင်ရဲတာပါ။ ကျန်တဲ့နေရာတွေက တူးရောင်းပဲ ရောင်းကြတာ။ မလှောင်ရဲကြဘူး” ဟု ကိုမင်းမင်းဦး ကပြောသည်။

မုံရွာပွဲရုံများသည် အရညအသွေးကြောင့် လက်ရှိကြက်သွန်နီ အဝင်လက်မခံသေးကြောင်း၊ နိုင်ငံခြားပို့ရလျှင် ကွာလတီကောင်းမှ ပို့ရ အဆင်ပြေခြင်းဖြစ်ပြီး ပြည်တွင်းက ဝယ်စျေးနှင့် ရန်ကုန်မှာ ပြန်ရောင်းစျေးဆိုလျှင် ကျပ်တစ်ရာခန့် ရှုံးနေကြောင်းသိရသည်။

ကွာလတီကောင်းမည့် ကြက်သွန်နီများကို မတ်လကုန် ဧပြီလထဲတွင် လာသမျှကြက်သွန်သိမ်းသွားမည် ဖြစ်ကြောင်း ပွဲရုံများမှသိရသည်။ မုံရွာစျေးကွက်သို့ မုံရွာနယ်၊ ယင်းမာပင်နယ်၊ ဆားလင်းကြီးနယ်၊ ရေဦးနယ်၊ ဘုတလင်နယ်များက ကြက်သွန်နီ အများဆုံးဝင်ပြီး နှစ်တိုင်းလာနေကျ ပုလဲနယ်၊ ခင်ဦးနယ်များမှ လမ်းကြောအခြေအနေအရ မလာနိုင်ကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%a1%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 16, 2023 7:50 下午
下一篇 3月 25, 2023 8:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....