စစ်ကိုင်းဂစ်တာထုတ်လုပ်မှုအဆင့်မြင့်တင်လာ

လူကြိုက်များသည့် စစ်ကိုင်းဂစ်တာထုတ်လုပ်မှု အဆင့်မြင့်တင်လာသည့်အတွက် နိုင်ငံတကာအဆင့် အရည်အသွေး ထုတ်လုပ်လာနိုင်

စစ်ကိုင်းဂစ်တာထုတ်လုပ်မှုအဆင့်မြင့်တင်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှ ဂစ်တာထုတ်လုပ်မှုတွင် စက်ပစ္စည်းများဖြင့် အဆင့်မြင့်တင်လာလာသည့်အတွက် ပိုမိုတွင်ကျယ်ပြီး အရည်အသွေး ပိုမိုကောင်းမွန်လာကာ နိုင်ငံတကာအဆင့်မီလာကြောင်း ချစ်သံစဥ် စစ်ကိုင်းဂစ်တာလုပ်ငန်းမှ မချောစုလှိုင် ထံကသိရသည်။

“စစ်ကိုင်းဂစ်တာ ၆ မျိုးလောက်ထုတ်တယ်။ အထပ်သားနဲ့ထုတ်ပြီး ပါဝင်ပစ္စည်းနှုန်းထားပေါ် မူတည်ပြီး အမျိုးအစား ကွဲသွားတာပေါ့။ အခုက စက်အသေးတွေနဲ့ လုပ်တာပါ။ ခေတ်မီလာတော့ စက်တွေသုံးတာ များလာပြီ။ စက်နဲ့ဆိုတော့ တစ်ရက်ကို ဂစ်တာအလက် ၃၀ နီးပါးလောက် ထုတ်နိုင်လာတယ်” ဟု မချောစုလှိုင် ကပြောသည်။

စစ်ကိုင်းဂစ်တာကို ၂၀၁၅ ခုနှစ် နောက်ပိုင်းမှ စတင်၍ တပိုင်တနိုင် စက်ပစ္စည်းသုံးစွဲ၍ ထုတ်လုပ်လာခဲ့ရာ လက်ရှိတွင် ဂစ်တာအရည်အသွေးများ တိုးတက်လာပြီး နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်လာနိုင်ကြောင်း သိရသည်။

ဂစ်တာတစ်လက်ကို အနည်းဆုံး ကျပ် ၃၀၀၀၀ ကျော်မှ ပါဝင်ပစ္စည်းပေါ်မူတည်ပြီး သိန်းကျော်အထိရှိကြောင်း သိရသည်။ စစ်ကိုင်းဂစ်တာကို မြန်မာတစ်နိုင်ငံလုံးကို ပို့ရပြီး ဂစ်တာထွက်သည့်အချိန် ထွက်သလောက်ပို့ရရာ တစ်ပတ်လျှင် ဂစ်တာအလုံး ၁၀၀ ခန့် ပို့ရသလို တစ်ခါတစ်ရံ အလုံး ၂၀၀ ခန့်အထိပို့ရကြောင်း သိရသည်။

စစ်ကိုင်းဂစ်တာထုတ်လုပ်မှုအဆင့်မြင့်တင်လာ

“ဂစ်တာတစ်လက်က နေ့ချင်းပြီးတယ်။ လူတစ်ယောက်ကို တစ်ရက် ၈လုံးလောက် ပြီးတယ်။ အကြမ်းထည်လုပ်သူက တစ်ရက် ၈လုံးလောက်ပြီးတယ်။ အောက်ဆေးခံတဲ့သူ၊ အပေါ်ဆေးခံသူ၊ ဂစ်တာဆင်ရာမှာ ဘားရိုက်သူ၊ အကူတွေနဲ့ လုပ်ဆောင်နေတာပါ”ဟု မချောစုလှိုင် ကပြောသည်။

စစ်ကိုင်းမြို့ တွင် ဂစ်တာထုတ်လုပ်ရောင်းချမှုကို ၁၉၇၀ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြပြီး လက်ရှိ စစ်ကိုင်းမြို့တွင် ဂစ်တာထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်း (၂၀)ကျော် ရှိပြီး အဆိုပါအလုပ်ရုံ (၂၀) ကျော်မှ လစဉ် ဂစ်တာ အလုံးရေ ၄၀၀၀ နီးပါး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/02/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%82%e1%80%85%e1%80%ba%e1%80%90%e1%80%ac%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 28, 2023 2:16 下午
下一篇 2月 2, 2023 11:20 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....