ရင့်မှည့်ချိန်လိုအပ်နေသေးသည့် ထောပတ်သီးများ မရောင်းချရန်တိုက်တွန်း

ရင့်မှည့်ချိန်လိုအပ်နေသေးသည့် ထောပတ်သီးများ မရောင်းချရန်တိုက်တွန်း

ရင့်မှည့်ချိန်လိုအပ်နေသေးသည့် ထောပတ်သီးများ မရောင်းချရန်တိုက်တွန်း

ပြင်ဦးလွင်ဒေသထွက် ထောပတ်သီးများ ရင့်မှည်ရန်အချိန် လိုအပ်နေသေးသော်လည်း စျေးကွက်အတွင်း ရောင်းချနေမှုများ တွေ့ရှိနေရသဖြင့် ရင့်မှည့်ချိန်လိုအပ်နေသေးသည့် ထောပတ်သီးများ မရောင်းချရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (ပြင်ဦးလွင်မြို့)က သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။

ပြင်ဦးလွင်ဒေသသည် ခရီးသွားဧည့်သည်များ အဝင်အထွက်များသော ခရီးသွားမြို့ ဖြစ်သည့်အတွက် ပြင်ဦးလွင်ဒေသထွက် ထောပတ်သီး များ လက်ဆောင်ဝယ်ယူကြသည့်အခါ ဈေးကွက်လက်ဦးမှု ရရှိရေးအတွက်ကိုသာ ဦးစားပေးနေသောသူများကြောင့် ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများ၏ ကြိုးစားအားထုတ်မှူများ ဆုံးရှုံးနိုင်ပြီး စားသုံးသူများသို့ပေးလိုသော ထောပတ်သီးအရသာ စစ်စစ် မရရှိနိုင်မှာ စိုးရိမ်မိကြောင်း၊ ရင့်မှည့်ချိန်လိုအပ်နေသေးသည့်အတွက် ထောပတ်သီးများ၏ ပြည့်ဝသောအရသာ၊ ကောင်းမွန်သော အရည်အသွေးများ စားသုံးသူတို့ ရရှိနိုင်ရန် အချိန်လိုအပ်နေသေးကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရင့်မှည့်ချိန်လိုအပ်နေသေးသည့် ထောပတ်သီးများ မရောင်းချရန်တိုက်တွန်းရင့်မှည့်ချိန်လိုအပ်နေသေးသည့် ထောပတ်သီးများ မရောင်းချရန်တိုက်တွန်း

ဒေသသီးမျိုးကွဲပေါင်းများစွာ ရှိသည့်အတွက် စံချိန်သတ်မှတ်ချက်မရှိသေးသော်လည်း အများစုသော ထောပတ်သီးမျိုးများသည် အောက်တိုဘာလ မှသာ စတင်ရင့်မှည့်သည်ဖြစ်ရာ လက်လီရောင်းချသူကို အကျိုးအမြတ်ဖြစ်စေပြီး ဝယ်ယူစားသုံးသူလဲ စိတ်ကျေနပ်မှုရရှိစေနိုင်မည့် ရေရှည်တည်မြဲသော ထောပတ်သီး စျေးကွက်တစ်ခု ပြင်ဦးလွင်တွင် ခိုင်ခိုင်မာမာ ဖြစ်ပေါ်စေရန် ထောပတ်အသင်း အနေနဲ့အထူးလိုလားကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ထောပတ်သီးနှင့် သက်ဆိုင်သော လိုက်နာသင့်သည့် အလေ့အကျင့် ကောင်းများ ကိုအကြံပြုထားရာ ဒေသထောပတ်သီးမျိုးများကို ရင့်ပြီးမှ စျေးကွက်အတွင်းသို့ တင်ပို့ရောင်းချပေးကြပါရန်၊ အသီးခူးဆွတ်သည့်အခါ အညှာကို အနည်းငယ်ချန်ပြီး ခူးဆွတ်ရန်၊  အညှာမပါသော အသီးများအား မရောင်းချရန်၊ အသီးခူးဆွတ်သည့်အခါ တုတ်ဖြင့်ရိုက်ချခြင်း ၊ အပင်အမြင့်ထက်မှ မြေပေါ်သို့ ပစ်ချခြင်းများ မပြုလုပ်ရန်၊ အပင်မြင့်အထက်မှအသီးကို အသီးခူးဆွတ်သော အသီးခူးကိရိယာဖြင့် သေချာစွာ ခူးဆွတ်ရန်ကိုလည်း အကြံပြုတိုက်တွန်းထားသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/12/%e1%80%9b%e1%80%84%e1%80%ba%e1%80%b7%e1%80%99%e1%80%be%e1%80%8a%e1%80%ba%e1%80%b7%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%95%e1%80%ba%e1%80%94%e1%80%b1/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 12, 2023 10:33 上午
下一篇 38分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....