ဒေါက်တာသက်ခိုင်ဝင်း (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေး ထိပ်သီးအစည်းအဝေး တက်ရောက်မည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေး ထိပ်သီးအစည်းအဝေး တက်ရောက်မည်

ဒေါက်တာသက်ခိုင်ဝင်း (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေး ထိပ်သီးအစည်းအဝေး တက်ရောက်မည်

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေး ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့တွင် ကျင်းပမည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ကျန်စုပြည်နယ် နန်ကျင်းမြို့တွင် ကျင်းပမည့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန လေ့လာရေး အစီအစဉ်အတွက် သွားရောက်ခြင်းဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/19/%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%9e%e1%80%80%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%b8-%e1%81%87%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....