မုံရွာမြို့နယ်ထွက် ကွမ်းရွက်စျေး ကျဆင်းနေ

မုံရွာမြို့နယ်ထွက် ကွမ်းရွက်စျေး ကျဆင်းနေ

မုံရွာမြို့နယ်ထွက် ကွမ်းရွက်စျေး ကျဆင်းနေ

ကွမ်းခြံအသုံးစရိတ် များစွာမြင့်တက်နေချိန်ဖြစ်သော်လည်း မုံရွာမြို့နယ်ထွက် ကွမ်းရွက်စျေးမှာ အောက်ဆုံးအထိကျဆင်းနေကြောင်း ကွမ်းခြံပိုင်ရှင်များထံကသိရသည်။

“လက်ရှိကွမ်းစျေးက အကျဖက်မှာ ရှိနေတယ်။ အရင်နွေစျေးမှာတောင်မှ ကွမ်းရွက်တစ်ပိသာ တစ်သောင်းကျော်အထိ ဖြစ်ခဲ့တယ်။ အခုက ကွမ်းရွက်တစ်ပိသာ ၁၈၀၀ နဲ့ ၁၅၀၀ ကြားမှာပဲ ရှိတော့တယ်။ အနိမ့်ဆုံး ၁၅၀၀ အထိကျသွားခဲ့တယ်” ဟု ကွမ်းခြံပိုင်ရှင်ဦးဝင်းနိုင် ကပြောသည်။

မုံရွာမြို့နယ်ထွက် ကွမ်းရွက်စျေး ကျဆင်းနေ

ကွမ်းခြံအတွက်သုံးရသည့်စရိတ်၊ လုပ်အားစရိတ်၊ ခြံစရိတ်က များသည်ထက်များနေသည့်အတွက် ကွမ်းရွက်စျေး ယခုထက်ကျလျှင် ကွမ်းလောကသားများ ပျက်ဆီးမည့်အနေအထား ရှိနေကြောင်း ကွမ်းလောကမှသိရသည်။

“ဝါးတစ်လုံး ၁၅၀၀ လောက်ပေးရသလို သွပ်နန်းတစ်ပိသာ ၆၀၀၀၊ ၇၀၀၀ တွေဖြစ်နေတော့ ကုန်ကျစရိတ် အရမ်းများနေတယ်။ လူတိုင်းကွမ်းခြံမတည်နိုင်ဘူး။ ရှိပြီးသားခြံကလည်း ပြုပြင်ထိမ်းသိမ်းစရိတ် အရမ်းများတယ်။ အစစအရာရာ စျေးတွေများနေတာပါ။ သွင်းအားစုက အရင်ကထက် ၂ဆမက ၃ဆမြင့်တက်နေတယ်။ အခုကွမ်းရွက်တစ်ပိသာ ၁၅၀၀ စျေးဖြစ်တာက အရင် ၅၀၀ စျေး ဖြစ်သလောက်ပဲ”ဟု ကွမ်းရွက်အငှားခူးသူကပြောသည်။

ယခုရက်ပိုင်းတွင် ကွမ်းအထွက်တန့်နေသော ကွမ်းခြံအများစုတွင် လက်ရှိ မိုးအရွာများလာသည့်အတွက် အထွက်အနည်းငယ်တိုးလာကြောင်း သိရသည်။

“အရင်ကာလ ဥတုက အရမ်းပူခဲ့တယ်။ အခုက မိုးတအားရွာနေတော့ ကွမ်းပင်မှာ ရောဂါကျမှာ စိုးရိမ်ရတယ်။ ကွမ်းပင်က ရာသီဥတုဒဏ်မခံနိုင်ဘူး။ အပင်ကနုတော့ အပျက်အစီးများနိုင်တယ်။” ဟု ကွမ်းခြံပိုင်ရှင်ဦးဝင်းနိုင် ကပြောသည်။

ကွမ်းမျိုးပင်များကို နှစ်စဥ် ဧပြီလကစ ပျိုးထုတ်ကြပြီး မိုးရာသီကာလများတွင် ကွမ်းပျိုးပင်များ ရောင်းလေ့ရှိကြသည်။ ပြီးခဲ့သည့် ဆောင်းကုန်ကာလကစပြီး နွေရာသီတွင် ကွမ်းရွက် တစ်ပိသာကျပ်
၁၀၀၀၀ ကျော်စျေးအထိ ဖြစ်ခဲ့ရာ ပုံမှန်နွေရောက်လျှင် ကွမ်းစျေးကျတတ်သော်လည်း ပြီးခဲ့သည့်နွေတွင် စျေးတက်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/19/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%91%e1%80%bd%e1%80%80%e1%80%ba-%e1%80%80%e1%80%bd%e1%80%99%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 12, 2023 10:34 上午
下一篇 23分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....