ခေါင်ခမ်းကျေးရွာထွက် လက်ဖက်စို၊ လက်ဖက်ခြောက်များ စက်အားဖြင့်ထုတ်လုပ်ရာတွင် လုပ်ငန်းပိုတွင်ကျယ်လာ
ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာထွက် လက်ဖက်စို၊ လက်ဖက်ခြောက်များကို စက်အားဖြင့် ထုတ်လုပ်နေသည့်အတွက် ယခင်ကထက် လုပ်ငန်းပိုတွင်ကျယ်လာကြောင်း သိရသည်။
“လတ်တလော ဖြစ်နေတဲ့ လုပ်သားရှားပါးတာကို စက်အသုံးပြုပြီး လုပ်ငန်းလည်ပတ်လာနိုင်တာပါ။ စက်နဲ့လည်တော့ ကုန်ပစ္စည်းအရည်အသွေး ပိုကောင်းလာတယ်။ အလေအလွင့်နည်းတယ်။ မြန်ပြီး သန်းရှင်းတယ်”ဟု လက်ဖက်တောင်သူတစ်ဦး ကပြောသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လက်ဖက်လုပ်ငန်းအတွက် ဟုမ္မလင်းမြို့နယ်တွင် လက်ဖက် (၁၈၇.၈၈) ဧက စိုက်ပျိုးသည့်တောင်သူ(၁၂)ဦးကို ချေးငွေကျပ်(၂၉၇.၅၀)သန်း ထုတ်ပေးခဲ့ရာ ခေါင်ခမ်းကျေးရွာအုပ်စုမှ တောင်သူ(၆)ဦးလည်း ချေးငွေရရှိခဲ့ကြောင်းသိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/19/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%91%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%80/