တရုတ်-မြန်မာပညာရှင်များ စိုက်ပျိုးရေးစက်မှုလုပ်ငန်းဆိုင်ရာ အထူးပညာရပ်အစီရင်ခံမှုများ ပြုလုပ်

တရုတ်-မြန်မာပညာရှင်များ စိုက်ပျိုးရေးစက်မှုလုပ်ငန်းဆိုင်ရာ အထူးပညာရပ်အစီရင်ခံမှုများ ပြုလုပ်

တရုတ်-မြန်မာပညာရှင်များ စိုက်ပျိုးရေးစက်မှုလုပ်ငန်းဆိုင်ရာ အထူးပညာရပ်အစီရင်ခံမှုများ ပြုလုပ်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ပညာရှင်များသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်၏ ထူးခြားသော စိုက်ပျိုးရေးစက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အထူးပညာရပ်ဆိုင်ရာ အစီရင်ခံမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မကြာသေးမီက ၂၀၂၃ ခုနှစ် ယူနန်ပြည်နယ်သိပ္ပံနှင့်နည်းပညာအသင်း၏ (၁၁) ကြိမ်မြောက် ပညာရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေး၏ ဖိုရမ်ခွဲဖြစ်သော “တရုတ်-မြန်မာ စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်” ကို မန်စီမြို့၌ ကျင်းပခဲ့ရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ပညာရှင်များသည် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် တယ်ဟုန်၏ ထူးခြားသော စိုက်ပျိုးရေးစက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အထူးပညာရပ်ဆိုင်ရာအစီရင်ခံမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဖွဲ့ဝင် ၁၄ ဦးပါ အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် တယ်ဟုန်ပြည်နယ်ခွဲတွင် လေ့လာကူးလူး ဖလှယ်ခဲ့ကြပြီး ပြည်နယ်ခွဲရှိ စိုက်ပျိုးရေးသိပ္ပံဌာန၊ ကော်ဖီ၊ အခွံမာသီး၊ အမဲသား စသည့် လုပ်ငန်းများသို့ သွားရောက်လေ့လာ၍ ကူးလူးဖလှယ်ခဲ့ကြသည်။

ယခုအကြိမ် လေ့လာကူးလူးဖလှယ်ခြင်းဖြင့် တယ်ဟုန်ပြည်နယ်ခွဲ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ပိုမိုနားလည်သိရှိလာပြီး နှစ်ဦးနှစ်ဖက်အကြား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ချမှတ်နိုင်ကြောင်း မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ဝင်းက ပြောသည်။

တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ဒုတိယပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး Lin Ji က တရုတ်-မြန်မာနှစ်နိုင်ငံ၏ သိပ္ပံသုတေသနဌာန၊ အဆင့်မြင့်တက္ကသိုလ်၊ သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းအသင်းအဖွဲ့များအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ စိုက်ပျိုးရေး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်မှုကို မြှင့်တင်ရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အောင်မြင်မှုရလဒ်များအား ပြောင်းလဲမှုကို အရှိန်မြှင့်တင်ရန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ “သိပ္ပံနှင့်နည်းပညာဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှု” ကို အတူတကွဖော်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/21/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%95%e1%80%8a%e1%80%ac%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....