ဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝန်းကျင် မြေယာဆုံးရှုံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး တစ်ကြိမ်ထုတ်ပေး

ဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝန်းကျင် မြေယာဆုံးရှုံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး တစ်ကြိမ်ထုတ်ပေး

ဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝန်းကျင် မြေယာဆုံးရှုံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး တစ်ကြိမ်ထုတ်ပေး

မြန်မာဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စက်တင်ဘာလ ပထမပတ်က စီမံကိန်းဘေးပတ်ဝန်းကျင်ရှိ မြေယာဆုံးရှံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး (ဘဏ်စာအုပ်) တစ်ကြိမ် ထုတ်ဝေပေးခဲ့ကြောင်း Myanmar Wanbao Mining Copper Limited ၏ ထုတ်ပြန်ချက်အရသိရသည်။

အလုပ်အကိုင် အခွင့်အရေးစောင့်ဆိုင်းသည့် အချိန်ကာလအတွင်း ထုတ်ပေးခြင်းဖြစ်ပြီး ကုမ္ပဏီသည် စက်တင်ဘာလ ဒုတိယပတ်က ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးရွာဟောင်းမှ ဝက်မှေးရွာသစ်သို့ ပြောင်းရွှေ့သွားသော မိသားစုများအတွက် “တစ်အိမ်တစ်ယောက်” မူဝါဒအရ အလုပ်သမား ၂၄ ယောက်ကို ခန့်အပ်ပေးထားကြောင်းသိရသည်။

ဝမ်ပေါင်ကုမ္ပဏီက ရင်းနှီးဆောက်လုပ်ပေးထားသော ပတ်ဝန်းကျင်ကျေးရွာများအတွက် ဥစားကြက်မွေးမြူရေးခြံများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။ ယခင်က ကြက်ခြံတစ်ခြံမှ နေ့စဉ်ပျမ်းမျှ ဥထွက်နှုန်း အလုံး ၈၅,၀၀၀ ကျော်ရှိခဲ့ရာ ကျေးရွာအတွက် အမြတ်အစွန်းများစွာရရှိနေပြီး ထိုစဥ်က ရွာသူရွာသားများသည် အစာကျွေးခြင်း၊ ဥကောက်ခြင်း၊ မြေဩဇာဖယ်ရှားခြင်း၊ ပိုးသတ်ခြင်းနှင့် ဥများရောင်းချခြင်း စသည့်လုပ်ငန်းများဖြင့် ငွေဝင်နေခဲ့ကြသည်။ ထိုသို့ မြေယာဆုံးရှံးမှုရှိသော ရွာသူရွာသားများသည် ကြက်ခြံမှ သင့်တော်သည့် အမြတ်ဝေစုများ ရရှိနေကြရာ ကြက်ခြံပြန်ဖွင့်မည့်အချိန်ကို မျှော်လင့်နေကြကြောင်း ကြားသိရသည်။

ဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝန်းကျင် မြေယာဆုံးရှုံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး တစ်ကြိမ်ထုတ်ပေးဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝန်းကျင် မြေယာဆုံးရှုံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး တစ်ကြိမ်ထုတ်ပေးဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝန်းကျင် မြေယာဆုံးရှုံးသော ရွာသူရွာသားများအား ၆လစာထောက်ပံ့ကြေး တစ်ကြိမ်ထုတ်ပေး

ယခုရက်ပိုင်းမိုးများရွာသွန်းမှုကြောင့် ကုမ္ပဏီစီမံကိန်းဧရိယာအတွင်းရှိ ရေမြောင်းများကိုစစ်ဆေး၍ ရေမြောင်းပြန်ဖော်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိပြီး ကုမ္ပဏီဝန်ထမ်းများသည် စွန့်ပစ်ပစ္စည်းများနှင့် ပစ္စည်းဟောင်းများအား စီစစ်ရွေးချယ်ခြင်း၊ သန့်ရှင်းရေးလုပ်ဆောင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/21/%e1%80%9d%e1%80%99%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%80%e1%80%af%e1%80%99%e1%80%b9%e1%80%95%e1%80%8f%e1%80%ae%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....