ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်စာတမ်းဖတ်ကြား

ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ကြား

ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်စာတမ်းဖတ်ကြား

မြန်မာနှင့် တရုတ် နှစ်နိုင်ငံမှ ပညာရှင်များနှင့် သုတေသီများက ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာတမ်းဖတ်ပွဲအား မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာန တို့၏ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲကို စက်တင်ဘာလ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်စာတမ်းဖတ်ကြားရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်စာတမ်းဖတ်ကြားရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်စာတမ်းဖတ်ကြား

စာတမ်းဖတ်ကြားဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနှင့် တရုတ် နှစ်နိုင်ငံမှ ပညာရှင်များနှင့် သုတေသီ (၁၈) ဦး တို့က ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ သုတေသနပြု ရေးသားထားသည့် စာတမ်းများကို ဖတ်ကြားခဲ့ကြသည်။

စာတမ်းဖတ်ကြားဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပါရဂူဘွဲ့ကြိုတန်းနှင့် မဟာတန်း တက်ရောက်နေသည့် ကျောင်းသူများ၊ ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာနမှ တာဝန်ရှိသူများ၊ ပီကင်းတက္ကသိုလ်၊ ရှာမန်တက္ကသိုလ် တို့မှ ပါမောက္ခများ၊ ပညာရှင်များနှင့် သုတေသီများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/25/%e1%80%9b%e1%80%95%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99-%e1%80%a1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....