ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေ

ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေ

ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေ

ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေး ကြီးကြပ်မှုအဖွဲ့၏ ပြည်တွင်းလုပ်ငန်းများ စစ်ဆေးမှုများနှင့် အတူ ပြည်တွင်းပဲ၊နှမ်းဈေးကွက်တွင် ပို့ကုန်ပဲများအပါအဝင် ဈေးကွက်တစ်ခုလုံး ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေပြီး မြေပဲဆန်တစ်မျိုးသာ  ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

စက်တင်ဘာလကုန်ပိုင်းရက်များတွင် ပြည်တွင်းပဲ၊ နှမ်းဈေးကွက်မှာ အသစ်ဝင်ရောက်လာသော နှမ်းနှင့် ပဲတီစိမ်း ဝင်ရောက်လာမှုရှိသော်လည်း ပေါက်ဈေး အနည်းငယ်ကျဆင်းနေခြင်းလည်းဖြစ်ပြီး နိုင်ငံခြားငွေ ဝန်ဆောင်မှုလုပ်ငန်းများ အရေးယူမှုများနှင့်အတူ ပို့ကုန်ပဲနှမ်းဈေးကွက်မှာ အရောင်းအဝယ် အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင် က ပြောသည်။

“ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး  အရောင်းအဝယ်က တော်တော် အေးသွားပါတယ်။ ပြည်တွင်းသုံးစွဲမှုများတဲ့ ကုလားပဲတောင် ဈေးကျသွားတယ်။ အသစ်ဝင်လာတဲ့ ပဲတီစိမ်းဆိုလည်း ဈေးတက်မလာဘူး။ မြေပဲဆန်လေးတစ်ခုပဲ ပေါက်ဈေးလေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ပြည်တွင်းဆီစက်တွေကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ လုပ်နေတာရှိတော့ ဈေးက ငြိမ်နေပါတယ်။ ဒီအချိန်မှာတော့ နှမ်းနဲ့ ပဲတီစိမ်းလေးတွေလည်း အသစ်ဝင်ရောက်နေပါတယ်။ နိုင်ငံခြားငွေ ဝန်ဆောင်မှုလုပ်ငန်းအချို့ အရေးယူခံရမှုတွေကြောင့် ပို့ကုန် ပဲဈေးကွက်ကတော့ တော်တော် အေးနေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကလည်း အနည်းငယ် ဈေးကျဆင်းနေပါတယ်” ဟု ၎င်းကပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/25/%e1%80%95%e1%80%b2%e1%80%94%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....