မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်လေ့လာ

မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်လေ့လာ

မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်လေ့လာ

မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးသည် တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်ခဲ့ပြီး တရုတ်-အာဆီယံစင်တာ၊ နာမည်ကျော်သတင်းစာတိုက်၊ အာရှအားကစားပြိုင်ပွဲ သတင်းဌာန၊ ကုမ္ပဏီများသို့သွားရောက်၍ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး MRTV ၊ MITV ၊ မြန်မာ့အလင်း၊ The Global New Light of Myanmar ၊ One News ၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ စံတော်ချိန်၊ Eleven ၊ Yangon Media Group ၊ Vidya မှ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးပါဝင်သည်။

ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့တွင် တရုတ်-အာဆီယံစင်တာသို့ သွားရောက်ခဲ့ပြီး တရုတ်-အာဆီယံမီဒီယာများ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပိုင်း လုပ်ဆောင်ချက်များ လေ့လာခဲ့ကြသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် People’s Daily ၊ ဆင်ဟွာသတင်းဌာန တို့နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ကူးလူးဖလှယ်ခဲ့ကြပြီး MR စမတ် စတူဒီယို၊ XR စတူဒီယိုစသည့် New Media နည်းပညာနှင့် စက်ပစ္စည်းအသစ်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်လေ့လာ

မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်လေ့လာ

မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့သို့ သွားရောက်လေ့လာ

ဆက်လက်ပြီး ဟန်ကျိုးမြို့တွင် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ပင်မမီဒီယာစင်သွားသို့ သွားရောက်၍ စီးပွားရေးဝန်ဆောင်မှုဇုန်၊ လူမှုဘဝဝန်ဆောင်မှုဇုန်၊ အဓိကသတင်းစင်တာ၊ နိုင်ငံတကာထုတ်လွှင့်ရေးစင်တာများသို့ သွားရောက်လေ့လာခဲ့ပြီး ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွင်း မီဒီယာများ သတင်းရေးသားရာတွင် လိုအပ်သည့် ရုံးသုံး၊ ဘာသာစကား၊ ပို့ဆောင်ရေး၊ အစားအသောက်၊ နည်းပညာ၊ စီးပွားရေး စသည့် အဆောက်အအုံနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးထားသည့် အခြေအနေကိုလည်း လေ့လာကြည့်ရှုခဲ့သည်။ ထို့ပြင် Alibaba Global ရုံးချုပ်သို့ သွားရောက်၍ တစ်ကမ္ဘာလုံးတွင် ခေတ်အမီဆုံးသိပ္ပံနည်းပညာ၊ ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုပုံစံများကို သွားရောက်လေ့လာခဲ့သည်။

ရှန်ဟိုင်းမြို့တွင် Shanghai United Media Group (SUMG) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အင်တာနက်ခေတ်တွင် မီဒီယာအသွင်ကူးပြောင်းမှုပုံစံများကို လေ့လာခဲ့ကြသည့်အပြင် Shanghai Urban Planning Exhibition Center သို့သွားရောက်၍ ရှန်ဟိုင်း၏စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ဆန်းသစ်တီထွင်မှု၊ ဂေဟဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/25/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%99%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ac%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 27分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....