ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရပ်ထားသည့်ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်ရာ လူ ၂ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရပ်ထားသည့်ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်ရာ လူ ၂ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရပ်ထားသည့်ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်ရာ လူ ၂ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံအနီး၌ ရပ်ထားသည့် ၆ဘီးကုန်တင်ကားကို လိုက်ထရပ်ကားက အနောက်မှ ဝင်တိုက်ရာ ကားခေါင်းခန်းတွင်လိုက်ပါသည့် အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲကျော်ခန့်တွင် လိုက်ထရပ်ကားပေါ်မှာတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၈ ဦးလိုက်ပါလာရာ အမျိုးသား ၂ ဦးမှာ ယာဉ်တိုက်မှု ဖြစ်သည့်နေရာတွင်ပင် သေဆုံးပြီး (၁၄)ဦးမှာမစိုးရိမ်ရဒဏ်ရာများရရှိကာ နှစ်ဦးမှာ ဒဏ်ရာရရှိခြင်းမရှိဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရပ်ထားသည့်ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်ရာ လူ ၂ ဦးသေဆုံး

ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာသို့ အမြန်လမ်း ရဲတပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက လာရောက် ကူညီပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံး ရုပ်အလောင်းများကို မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8-%e1%80%a1%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%99%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:25 下午
下一篇 3月 25, 2023 8:28 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....