မြန်မာ-တရုတ်မွေးမြူရေးကဏ္ဍသဘောတူစာချွန်လွှာ

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မွေးမြူရေးကဏ္ဍတိုးတက်ရေး ပူးပေါင်းအကောင်အထည်ဖော်ရေး နှစ်ဘက်သဘောတူနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာ-တရုတ်မွေးမြူရေးကဏ္ဍသဘောတူစာချွန်လွှာ

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်ဖက်သဘောတူနားလည်မှုစာချွန်လွှာကို စက်တင်ဘာလ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့ MICT Park ရှိ Fortune International ရုံး၊ အစည်းအဝေးခန်းမတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာချွန်လွှာကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (Myanmar Representative Office of Chamber of Commerce of Dehong Prefecture, Yunnan, P.R. China) တို့မှတာဝန်ရှိသူများက လက်မှတ်ရေးထိုးကြသည်။

မြန်မာ-တရုတ်မွေးမြူရေးကဏ္ဍသဘောတူစာချွန်လွှာမြန်မာ-တရုတ်မွေးမြူရေးကဏ္ဍသဘောတူစာချွန်လွှာ

နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် မွေးမြူရေးကဏ္ဍတွင် နှစ်ဘက် အပြန်အလှန်ရင်းနှီးမြှုပ်နှံနိုင်ကြရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများပုံစံများကို သုတေသနပြု ဖော်ထုတ်သွားနိုင်ရန်နှင့်၊ လက်တွေ့ ပူးပေါင်း‌ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ ချုပ်ဆိုကြခြင်း ဖြစ်သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မွေးမြူရေးဆိုင်ပြပွဲများကို မန္တလေး၊ နေပြည်တော် (သို့မဟုတ်) မန်စီ၊ ရွှေလီ မြို့များ တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါ ပြပွဲများတွင် မွေးမြူရေးနည်းပညာနှင့် စက်ပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ မျိုး၊ ဆေးဝါး အစရှိသည့် မွေးမြူရေးသွင်းအားစုများ၊ ထုတ်ကုန်များကို ခင်းကျင်းပြသသွားမည် ဖြစ်ပါပြီး ပြပွဲများအတွင်း နှစ်ဖက် မွေးမြူရေးပညာရှင်များ၏ ဆွေးနွေးဟောပြောပွဲများ၊ လုပ်ငန်းရှင်များ၏ business matching အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံအတွင်း တိရစ္ဆာန်မွေးမြူရေး၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး၊ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ကာ စက်ယန္တရားအသုံးပြု‌ဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ် မှု ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းပညာသင်တန်းများ ပူးတွဲကျင်းပသွားမည် ဖြစ်ကြောင်းလည်းပါရှိသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/04/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%b0%e1%80%9b%e1%80%b1%e1%80%b8%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 4, 2022 6:13 下午
下一篇 10月 4, 2022 6:16 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....