ယခုနှစ် ဩဂုတ်လကုန်ထိ တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့

ယခုနှစ် ဩဂုတ်လကုန်ထိ တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့

ယခုနှစ် ဩဂုတ်လကုန်ထိ တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်ထိ ၈ လတာအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်ဈေးကွက်သို့ ဖရဲသီးတန်ချိန် ၁၁၃၀၀၀ ကျော်ကို ကုန်တင်ယာဉ် အစီးရေ ၇၀၀၀ ကျော်ဖြင့် တင်ပို့ခဲ့ကြောင်း သစ်သီး၀လံကုန်စည်ဒိုင် (မူဆယ်) မှ သိရသည်။

“ဖရဲသီးကို ပြည်တွင်းကနေ တရုတ်ဘက်တင်ပို့ရာမှာ လက်ရှိ အခြေအနေအရ ဈေးကွက်က မကောင်းဘူး။ ဘာလို့လဲဆိုတော့ တရုတ်ဘက်ကလည်း ဖရဲသီးတွေ အထွက်များနေတာကြောင့် ကျွန်တော်တို့ဘက်က ဖရဲသီးက ဈေးကောင်းမရတာဖြစ်ပါတယ်”ဟု  (မူဆယ်)ဖရဲသီးပွဲရုံတစ်ခု ကပြောသည်။

ပြည်တွင်း၌ နိုဝင်ဘာမှ ဇူလိုင်လအတွင်း ဖရဲသီးလှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်၍ ထိုအချိန်၌ တရုတ်ဈေးကွက်တွင် ဈေးကောင်း ရရှိခဲ့သော်လည်း ငွေဈေးအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း တရုတ်ဘက်သို့ တင်ပို့ ရာတွင် ဝန်ဆောင်ခနှင့် စစ်ဆေးခ များမှာ ယွမ် ၉၀၀ ဝန်းကျင် ကျသင့်ပြီး ထိုအထဲတွင် အကောက်ခွန်ကြေး မပါဝင်သေးကြောင်း သိရသည်။

“လက်ရှိမှာ စက်သုံးဆီဈေးနဲ့ တခြားစရိတ်တွေက ကုန်ကျမှုများပြားလို့ မူဆယ်အရောက်ဆိုရင် ဖရဲသီးတစ်တန်ကို ကုန်ကျစရိတ်များလာတယ်။ ဖရဲသီးအရည်အသွေးကောင်းပြီး ဈေးကွက်ကောင်းမှ တင်ပို့သူတွေမှာ နည်းနည်းပဲမြတ်တယ်။ အဲ့လိုမဟုတ်ရင် အရှုံးနဲ့ ရင်ဆိုင်ရတယ်”ဟု ဖရဲသီးကုန်သည်တစ်ဦး ကပြောသည်။

တရုတ်ဘက်တွင်လည်း ဖရဲသီးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုအချိန်၌ ၎င်းတို့ စိုက်ပျိုးသည့် ဖရဲသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဝယ်လက်များက  ပြည်တွင်းမှ တင်ပို့သော ဖရဲသီးများကို လာဝယ်သူ မရှိသလောက် နည်းပါနေကြောင်း၊ လက်ရှိတွင်  ပြည်တွင်း၌ ကျောက်စိမ်းဖရဲသီး များ စတင်ထွက်ပေါ်နေပြီး တရုတ်ဘက်သို့ တင်ပို့လျက်ရှိကြောင်း  သိရသည်။

“ဒီရက်ပိုင်းမှာ ဖရဲသီးက ဈေးကောင်းမရတာရယ်၊ အထွက် နည်းသေးတာကြောင့်ရယ် မူဆယ်ကို ဖရဲကား တစ်နေ့တစ်စီး နှစ်စီးလောက်ပဲ ဝင်လာတယ်”ဟု သစ်သီး၀လံ ကုန်စည်ဒိုင်(မူဆယ်)မှ ကုန်သည်တစ်ဦး ကပြောသည်။

ပြည်တွင်းမှ ဖရဲသီးများသည် အောက်တိုဘာလကုန်မှစ၍ လှိုင်လှိုင်ထွက်ပေါ်မည်ဖြစ်ရာ တရုတ်ဈေးကွက်သို့ အပြိုင်အဆိုင် ဝင်ရောက်လာမည်ဖြစ်သဖြင့် အရည်အသွေးကောင်းမွန်သော ဖရဲသီးများတင်ပို့မှသာ ဈေးကောင်းရရှိ နိုင်မည်ဟု ဆိုသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/03/%e1%80%9a%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%a9%e1%80%82%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%91%e1%80%ad-%e1%80%90%e1%80%9b%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 46分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....