သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုစတင်လျက်ရှိ

သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုစတင်လျက်ရှိ

သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုစတင်လျက်ရှိ

စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်ရေးအတွက် ၂၀၂၄ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ယခု စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက် မှ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်း ကောက်ကွက် ၁၀၀ ကို ပြည်လုံးကျွတ်အဆင့် ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်ပြီး Mobile Tablet များအသုံးပြုကာ Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် စာရင်းကောက်ယူလျက် ရှိသည်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုစတင်လျက်ရှိသန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုစတင်လျက်ရှိသန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှုစတင်လျက်ရှိ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေ စာရင်းထုတ်ပြန်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လည်ဖြစ်သည့် ၂၀၂၃ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒဿမ ၂ သန်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ထုတ်ပြန်ထားသည်။

ဆယ်နှစ်တစ်ကြိမ်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ရက်ပေါင်း ၁၅ ရက်ကြာ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ကောက်ယူမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် လူဦးရေ စုစုပေါင်း ၅၇ သန်းခန့်ရှိ အိမ်ထောင်စုပေါင်း ၁၃ သန်းကို စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ခွဲကာ လျာထားသတ်မှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/03/%e1%80%9e%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%85%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9a%e1%80%b0/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 59分钟前
下一篇 17分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....