ပဲကုန်သည်ကြီးများ အဝယ်မရှိသဖြင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေ

ပဲကုန်သည်ကြီးများ အဝယ်မရှိသဖြင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေ

ပဲကုန်သည်ကြီးများ အဝယ်မရှိသဖြင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေ

လတ်တလောရက်ပိုင်းတွင် ပဲ၊နှမ်းဈေးကွက်အတွင်း ပို့ကုန်လက်ကြီးသမားများ အဝယ်မရှိသဖြင့် ပဲ၊နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေကြောင်း ကုန်သည်များထံက သိရသည်။

စက်တင်ဘာလကုန်ရက်များတွင် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးအနည်းငယ်မြင့်တက်လာသော်လည်း ပို့ကုန်သမားများ အရောင်းအဝယ်ရပ်နားထားခြင်း၊ နိုင်ငံခြားတင်ပို့မှုဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ရက်သတ္တပတ်နှစ်ပတ်ဆက်တိုက် အရောင်းအဝယ်အေးနေခြင်းဖြစ်သည်။

ပို့ကုန်သမားကြီးများက အဝယ်ရပ်ထားခြင်းကြောင့် ပဲ၊ နှမ်းဈေးကွက်မှာ အေးနေခြင်းဖြစ်ကြောင်း၊ မြေပဲဆန်ဈေးကလည်း မတက်ဘဲ ယခုဈေးတန်းတွင် ပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ပေါက်ဈေးရှိနေခြင်းကြောင့် ဆီစက်ပိုင်များ အဆင်ပြေကြောင်း၊ တရုတ်လိုင်းကလည်း နှမ်းတစ်မျိုးသာ လှောင်လက်သမားအနည်းငယ်က ဝယ်ယူနေကြောင်း၊ ပို့ကုန်မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်ရင်း ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

“ပို့ကုန်ပဲကုန်သည်နဲ့ ပွဲရုံကြီးတွေ အဝယ်မရှိတာတော့ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ခပ်အေးအေးသာ ရှိနေပါတယ်။ ပို့ကုန်ပဲစင်းငုံကလည်း ပေါက်ဈေးသာ ရှိနေတာ ပဲက သိပ်မကောင်းတော့ပါဘူး။ မြေပဲဆန်ကလည်း ပေါက်ဈေးလေးနဲ့ အရောင်းအဝယ်ဖြစ်နေတော့ ဆီစက်ပိုင်တွေ အဆင်ပြေပါတယ်။ အခြား ပြည်တွင်း ပဲမာလိုင်းကလည်း ဈေးအေးနေပါတယ်။ နှမ်းကို တရုတ်ကုန်သည်အချို့သာ အနည်းငယ် ဝယ်ယူစုဆောင်းတာမျိုးလောက်သာ ဝယ်နေပါတယ်။ ဈေး ကွက်တစ်ခုလုံးကတော့ အသစ် ဝင်ရောက်မှုတွေ မရှိသေးတော့ ဆက်လက်ဈေးအေးနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/02/%e1%80%95%e1%80%b2%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%9d%e1%80%9a%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 17分钟前
下一篇 16分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....