တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနား မန္တလေးမြို့၌ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနား မန္တလေးမြို့၌ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနား မန္တလေးမြို့၌ကျင်းပ

မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ကြီးမှူးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Chen Chen၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုဧည့်ခံပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အခမ်းအနားစတင်ခဲ့ပြီး မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Chen Chen က တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၄) နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကား ပြောကြားကာ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/02/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%b7%e1%80%9e%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 2, 2023 10:27 上午
下一篇 10月 2, 2023 10:33 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....