ပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်း

ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာသည့် ရှင်းကျန်းဒေသ

ပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်း

ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ခရီးသွားများ၏ စိတ်ဝင်စားမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာပြီး Belt and Road ရပ်ဝန်းနှင့်ပိုးလမ်းမ ၁၀ နှစ်ပြည့်သည့် ယခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွားများ၏ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း ဒေသတွင်းခရီးသွားအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် နွေဦးပွဲတော် အားလပ်ရက်အတွင်း ရှင်းကျန်းဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်ပေါင်းသည် ၄ ဒသမ ၇၈ သန်း ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၂ ဒသမ ၇၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်းပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်းပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်းပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်းပြည်တွင်းပြည်ပခရီးသွားစိတ်ဝင်စားလာသည့်ရှင်းကျန်း

Kashi မြို့ကိုမရောက်လျှင် ရှင်းကျန်းရောက်သည်ဟု မဆိုလိုနိုင် ဟူသောစကားအတိုင်း ရှင်းကျန်းဒေသသို့ သွားရောက်လည်ပတ်သူအများစုသည် Kashi မြို့သို့ အရောက်သွားသည်ဖြစ်ရာ ယခုနှစ်နွေဦးပွဲတော် အားလပ်ရက်အတွင်း စုစုပေါင်း ခရီးသွား ၁.၈ သန်းကျော် ရောက်ရှိလည်ပတ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ၈၉.၇၈% တိုးလာကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၁.၅၂၉ ဘီလီယံရရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ် အလားတူကာလထက် ၆၂.၀၇% တိုးလာခဲ့ကြောင်း စာရင်းဇယားများက ဖော်ပြထားသည်။

ရှေးဟောင်းမြို့တော် Kashi မြို့တွင် ရိုးရာယဉ်ကျေးမှုနှင့် ခေတ်သစ်ယဉ်ကျေးမှုတို့အကြား အပြန်အလှန်ဆက်စပ်မှုကို တွေ့ရှိရမည်ဖြစ်ပြီး ဒေသအထူးအစားအစာ၊ လက်မှုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြရမည်လည်းဖြစ်သည်။ ဒေသတွင်း စိမ်းလန်းနေရာများနှင့်အတူ လူကြိုက်များသော ရှုခင်းသာနေရာများစွာရှိရာ အပန်းဖြေခရီးအတွက်လည်း အဆင်ပြေသည့်မြို့တစ်မြို့ ဖြစ်ပေသည်။

ခရီးသွားအများစု သွားရောက်လည်ပတ်လေ့ရှိကြသည့် ရှင်းကျန်းဒေသရှိ Urumqi မြို့၏ ခရီးသွားလုပ်ငန်းမှ ၀င်ငွေသည် ၂၀၂၃ ခုနှစ် ပထမခုနှစ်လတွင် ခရီးသွား၀င်ငွေ တိုးလာမှုမှာ ၅၉.၂၅ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ယွမ် ၅၁.၂၉ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရသည်။

ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှုခင်းသာယာလှပပြီး ခရီးသွားများ၏ စိတ်ဝင်စားမှု မြင့်တက်နေကာ ခရီးသွားဖွယ်ရာနေရာဒေသ တစ်ခုအဖြစ် ရေပန်းစားလျက်ရှိကြောင်း သိရသည်။

ကိုခန့်

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2023/10/23/5b7e2d9852/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 3, 2023 10:35 上午
下一篇 1天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....