မြန်မာ-တရုတ် ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

မြန်မာ-တရုတ် ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

မြန်မာ-တရုတ် ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက ကျင်းပသည့် မြန်မာ-တရုတ်ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းကကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mrs. Qiao Li ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ မစ္စတာရွှီးကျန့် ဂေါ်နှင့် ချစ်ကြည်ရေးအဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ တက်ရောက်ကြသည်။

“မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများ အတွက် မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုး မရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သလို တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက်အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ရုံသာမက ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်” ဟု ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

မြန်မာ-တရုတ် ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ဆက်လက်လက်ဆင့်ကမ်းပြီး မြန်မာ-တရုတ် အေးအတူ-ပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်လိုပါကြောင်း။ ယခုအခါ မသမာသူအဖျက်သမားများက မြန်မာ-တရုတ် ချစ်ကြည်ရေး ပျက်ပြားအောင် သတင်းမှားများ ထုတ်လွှင့်ကာ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ အတူတကွ ချစ်ကြည်ရင်းနှီးစွာ အနာဂတ်ကောင်းများကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/22/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 1分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....