ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့်ဘိန်းဖြူများဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့်ဘိန်းဖြူများဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီးအား တားဆီးစစ်ဆေးရာမှ ငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိပြီး သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၄၀(C)လမ်း၊ ၆၇ နှင့် ၆၈ လမ်းကြားတွင် လှသိန်း(ခ)စိုင်းမောင်သိန်း မောင်းနှင်လာသည့် TOYOTA HARRIER မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၁၇၆၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ ည ၇ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၇၃ လမ်းထောင့်တွင် သိမ်းဆည်းရမိ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဝင်းထွဋ် နှင့် ရဲမင်းလှိုင် တို့ ၂ ဦးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%be-%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 42分钟前
下一篇 12分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....