မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌတရုတ်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မန္တလေးရုံးအလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌတရုတ်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သောအဖွဲ့သည် မန္တလေးမြို့သို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း မန္တလေးရုံး အလုပ်အမှုဆောင်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mr. Chan Chan ၏ ဖိတ်ကြားချက်အရ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီလ ၁၀ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌတရုတ်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌတရုတ်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌတရုတ်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌတရုတ်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ လုပ်ဆောင်ချက်များ၊ မန္တလေးရုံးခွဲ ကိစ္စ လာရောက်ဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်ခဲ့သည်ဟုသိရသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး သည် ဒုဥက္ကဋ္ဌ ဦးကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ထိုနေ့တွင်ပင် မန္တလေးရုံးခွဲမှ နာယက ဦးမောင်ပို၊ ဥက္ကဋ္ဌ ဦးပိုမြင့်နှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ/အသင်းသား များအား တွေ့ဆုံ၍ မြန်မာ-တရုတ်ချစ်ကြည်ရေး လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 26分钟前
下一篇 24分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....