မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁နာရီ ၁၅မိနစ်အချိန်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် ၂စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀စီး၊ မီးသတ်ရေသယ်ရေယာဉ် ၉စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁နာရီ ၅၈အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95/