ပြင်ဦးလွင်မြို့၊ ပညာဝေပုလ္လစာကြည့်တိုက် အမှတ်(၁၀) ဖွင့်လှစ်

ပြင်ဦးလွင်မြို့၊ ပညာဝေပုလ္လစာကြည့်တိုက် အမှတ်(၁၀) ဖွင့်လှစ်

ပြင်ဦးလွင်မြို့၊ ပညာဝေပုလ္လစာကြည့်တိုက် အမှတ်(၁၀) ဖွင့်လှစ်

ပညာဝေပုလ္လစာကြည့်တိုက် အမှတ်(၁၀)ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပြင်စာရွာအနီး၊ စိုးမိုးအိုင်အုပ်စု၊ ရွှေကျားရွာရှိ ရွှေဆံပင်ဓမ္မဝေပုလ္လသာသနာ့ရိပ်သာကျောင်းတိုက်တွင် တည်ထောင်ထားရှိပြီး ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

“တိုးတက်သော လူမျိုးသည် စာဖတ်၍ စာဖတ်သော လူမျိုးသည် တိုးတက်၏ ဆိုတဲ့ ဦးသန့်ရဲ့စကားလို လူငယ်တွေကို တိုးတက်စေချင်လို့ပါ။ ယနေ့မြန်မာပြည်က လူငယ်တွေက ဘာပဲဖြစ်ဖြစ် အမှန်အမှားမခွဲခြားနိုင်တော့ဘူး။ ကောလဟလတွေကိုယုံတယ်။ သွေးခွဲလို့လွယ်တယ်။ မြှောက်ပေးလို့လွယ်တယ်။ အဓိကအကြောင်းကတော့ စာမဖတ်ကြတဲ့အခါ ဗဟုသုတနည်း ဆင်ခြင်တုံတရားနည်းပါးကြလို့ တိုင်းပြည်အတွက် အုတ်တချပ်သဲတပွင့် အပြစ်ကင်းတဲ့နည်းနဲ့ ဆောင်ရွက်ချင်လို့ စာကြည့်တိုက်ဖွင့်ဖြစ်တာပါ”ဟု စာကြည့်တိုက်ဦးဆောင်ဆရာတော် ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက မိန့်ကြားသည်။

ပြင်ဦးလွင်မြို့၊ ပညာဝေပုလ္လစာကြည့်တိုက် အမှတ်(၁၀) ဖွင့်လှစ်

“လူငယ်တွေကို ရွှေချမှ အနာဂတ်တိုင်းပြည်တောက်ပမည်”ဟူသောဆောင်ပုဒ်ဖြင့် လူငယ်များကို ယဉ်ကျေးလိမ္မာနှင့် ဘာသာစကားသင်တန်းများ သင်ကြားပေးခြင်းနှင့်အတူ စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုပြင်ဦးလွင်တွင်ဖွင့်သော စာကြည့်တိုက်သည် (၁၀)တိုက်မြောက် ဖြစ်ကာ လက်ရှိတွင် သုတရသ စာအုပ်ပေါင်း ၅၀၀၀ ကျော်စုဆောင်းထားရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%a5%e1%80%ae%e1%80%b8%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8a-%e1%80%95%e1%80%8a%e1%80%ac%e1%80%9d%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3分钟前
下一篇 56秒前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....