ကလေးမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

ကလေးမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ အိုက်စ်(မက်သ်အဖက်တမင်း) နှင့် စိတ်ကြွရူးသွပ်ဆေးပြား အစရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆည်းရမိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းအနီးတွင် သိန်းဇော် မောင်းနှင်ပြီး မန့်ရှင်းတွောင် လိုက်ပါလာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၇၅ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/03/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 7小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....