မုံရွာတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ 

မုံရွာတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ 

မုံရွာတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ 

မုံရွာတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ဒီဇင်ဘာ(၂၃)ရက်‌နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ ၂၀၁၉-၂၀၂၀၊  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မုံရွာတက္ကသိုလ်(နေ့သင်တန်း)နှင့် မုံရွာတက္ကသိုလ်(အဝေးသင်သင်တန်း) ဘွဲ့ရသူများကိုပေးအပ်သည်။

“ယနေ့ မြန်မာ့ပညာရေးမျှော်မှန်းချက်နဲ့အတူ အမျိုးသားပညာရည်မြင့်မားရေး နှစ်(၃၀)စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ဘွဲ့ရမောင်မယ်တွေက အားလုံးပူးပေါင်းပါဝင်ကြပါ။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်တွေကို လေးစားလိုက်နာတဲ့ နိုင်ငံ့သားကောင်းများအဖြစ် နေထိုင်သွားကြပါ”ဟု မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ‌အောင်ကျော်သင် က ပြောသည်။

မုံရွာတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ မုံရွာတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ 

ဘွဲ့နှင်းသဘင်တွင် မုံရွာတက္ကသိုလ် နေ့သင်တန်း မဟာသိပ္ပံဘွဲ့ နှင့် မဟာဝိဇ္ဇာဘွဲ့ ရရှိသူ (၆၆၅)ဦး၊ မဟာဥပ‌ဒေဘွဲ့ (၂၂)ဦး၊ ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ (၉၅)ဦး၊ ဥပဒေဘွဲ့ (၄၅)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့ (၂၃၁)ဦး စုစုပေါင်း (၁၀၅၈)ဦး ရှိရာ တက်ရောက်ဘွဲ့ယူသူ (၅၆၃)ဦးရှိကြောင်းသိရသည်။

မုံရွာတက္ကသိုလ် အဝေးသင်သင်တန်းတွင်လည်း ဥပဒေဘွဲ့ (၂၄၃)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့(၆၈၃၁)ဦး စုစုပေါင်း(၇၀၇၄)ဦးရှိရာမှ တက်ရောက်ဘွဲ့ယူသူ(၁၉၃၅)ဦးတို့ကို ဘွဲ့များအသီးသီး လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/31/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%81%8f-%e1%81%82%e1%81%81%e1%80%80%e1%80%bc%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....