မန္တလေးမြို့တွင် အိုက်စ်များ ဖမ်းဆီးရမိ 

မန္တလေးမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ 

မန္တလေးမြို့တွင် အိုက်စ်များ ဖမ်းဆီးရမိ 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလိုကို ဒီဇင်ဘာလ ၁၉ ရက်နေ့က သိမ်းဆည်းရမိကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ လမ်းနှင့် ၆၅ လမ်းထောင့်တွင် ဟိန်းထက်အောင် မောင်းနှင်လာသည့် MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါနေ့ ညနေ ၅ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ရန်အောင်မင်္ဂလာလမ်းထောင့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ မနန်း (ခ) မရှမ်းမ (ခ) မနန်းရွှေလူ အား ဆက်လက်ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

သိမ်းဆည်းရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်သည်ဟု သိရှိရပြီး ဖမ်းဆီးရမိသူတို့အား ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/24/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....