ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )

ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်တစ်ခုဖြစ်တဲ့ ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )

Turpan မြို့ မှာ နောက်ထပ်ရောက်ရှိခဲ့တာကတော့ 库尔班民俗博物馆 Kurban ကျေးလက်ပြတိုက်ပဲ ဖြစ်ပါတယ်။ အဲဒီမှာ စုဆောင်းထားတဲ့ ကျေးလက်ဒေသက ရှေးဟောင်းပစ္စည်းပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။ ပြတိုက်တံခါးဝကနေ ဝင်လိုက်တယ်ဆိုရုံပဲ ပြတိုက်အဆောက်အအုံမျက်နှာစာတစ်ခုလုံးမှာ သစ်သားလှည်းဘီး၊ မြေအိုး၊ သေတ္တာ၊ ဝါးခြင်းတောင်း၊ လယ်ယာအသုံးအဆောင်၊ သစ်သားတံခါး၊ ပြတင်းပေါက် စတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ အလှဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ မျက်နှာစာက နှစ်ပေါင်း ၃၀၀ ကျော် သမိုင်းကြောင်းရှိတဲ့ သစ်သားတံခါးကို တွန်းဖွင့်ဝင်လိုက်တာနဲ့ ဧရိယာ ၅၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ ပြတိုက်ထဲကိုရောက်ရှိသွားပြီး ကျေးလက်ဒေသက နေ့စဉ်သုံး အသုံးအဆောင်တွေ၊ လယ်ယာသုံးပစ္စည်းတွေက ကြိုဆိုနေတာတွေ့မြင်ရပါမယ်။ Turpan ရဲ့ လေးနက်တဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပြတိုက်မှာ စိတ်ဝင်တစား လေ့လာပြီးတာနဲ့ ပြတိုက်နဲ့တဆက်တည်း ရိုးရာကော်ဇောထုတ်လုပ်တဲ့ အလုပ်ရုံကို သွားရောက်လေ့လာလို့ ရပါတယ်။ ဒေသခံတွေရဲ့ သိုးမွေးကော်ဇော ထုတ်လုပ်မှုအဆင့်ဆင့်ကို လေ့လာလို့ရနိုင်ပြီး အိမ်ပြန်လက်ဆောင်အနေနဲ့လည်း ဝယ်ယူလို့ရပါသေးတယ်။

ညနေပိုင်းမှာတော့ Turpan မြို့ မှာရှိတဲ့ မီးတောက်တောင်တန်းတွေထဲက 葡萄沟风景区စပျစ်သီးချိုင့်ဝှမ်းရှုခင်းသာကို သွားရောက်ကြပါတယ်။ စပျစ်သီးတွေ ပေါပေါများများဖြစ်ထွန်းတာကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ စပျစ်သီးချိုင့်ဝှမ်းမှာ Buyiruk မြစ်ကရေ စီးဆင်းနေတာရှိပြီး အဓိက ရေအရင်းအမြစ်က တောင်တွေကနေ နှင်းတွေ အရည်ပျော်ပြီးကျလာတဲ့ရေတွေဖြစ်ပါတယ်။ စပျစ်သီးချိုင့်ဝှမ်း ရှုခင်းသာဧရိယာမှာ စပျစ်သီးချိုင့်ဝှမ်းအပန်းဖြေဥယျာဉ်၊ Wang Luobin ဂီတနှင့် အနုပညာပြတိုက်နှင့် Dawazi ကျေးလက်ပန်းခြံတွေအပါအဝင် စိတ်ဝင်စားစရာ ယဉ်ကျေးမှုနဲ့အပန်းဖြေပေါင်းစပ်ထားတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ဒီနေရာကို ခရီးသွားဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုအဖြစ် အသိအမှတ်ပြုပြီး AAAAA အဆင့် ခရီးသွားနေရာအဖြစ် သတ်မှတ်ပေးထားပါတယ်။

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )

အဲဒီနေ့ရဲ့ ညနေစာကိုတော့ စပျစ်သီးချိုင့်ဝှမ်းရှုခင်းသာဧရိယာမှာပဲရှိတဲ့ စပျစ်သီးတွေဝန်းရံနေတဲ့ 阿凡提民俗风情园 အာဖန်တိကျေးလက်ဥယျာဉ်မှာပဲ စားကြရပါတယ်။ စားသောက်ပြီး Turpan မြို့ ကနေ Urumqi မြို့က 海德酒店 Haide ဟိုတယ်ကိုပြန်ပြီး တစ်ညတာအိပ်စက်အနားယူကြပါတယ်။

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၅ )

အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ ဟိုတယ်မှာ မနက်စာစားပြီး ပထမဆုံးသွားရောက်ခဲ့တာကတော့ Urumqi မြို့ အနောက်မြောက်လမ်းမှာရှိတဲ့新疆维吾尔自治区博物馆 ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြတိုက်ကို ဖြစ်ပါတယ်။ ဒီပြတိုက်က အခင်းအကျင်းနဲ့ ခင်းကျင်းပြသထားမှုတွေက စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ဆိုပါတယ်။ ရှင်ကျန်းက ရှေးဟောင်းသင်္ချိုင်းများမှာ တွေ့ရှိရတဲ့ ရှေးခေတ်လူတွေရဲ့ ရုပ်ကြွင်းတွေအပါအဝင် မွန်ဂိုလီးယားဒေသ၊ ကာဇတ်ဒေသ၊ တာဂျစ်နယ်မြေနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ပြခန်းဆိုပြီးရှိပါတယ်။ ပြတိုက်မှာ ပြသထားတာ အလွန်စနစ်ကျပါတယ်။ သမိုင်း၊ ယဉ်ကျေးမှု၊ လူနေမှုစနစ် အစရှိတဲ့ လေ့လာလို့မကုန်နိုင်တဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီးရှိတာကို တွေ့ခဲ့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9c%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba-6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 17小时前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....