ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )

ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်တစ်ခုဖြစ်တဲ့ ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာတော့ 天山天池景区ကောင်းကင်ယံတောင်တန်း (Tian Shan) ကောင်းကင်ဘုံရေကန် – နတ်ရေကန် (Tian Chi) ကို ရောက်ရှိလည်ပတ်ခဲ့ပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်ပြီး ခရီးသွားတွေ အသွားများလာတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ကောင်းကင်ဘုံရေကန် – နတ်ရေကန် (Tian Chi)ထဲမှာ အပျော်စီးသင်္ဘောစီးပြီး နှင်းဦးထုတ်ဆောင်းနေတဲ့ ကောင်းကင်ယံတောင်တန်း (Tian Shan)ကို လှမ်းမျှော်ကြည့်ရှုခဲ့ရတာဟာ အင်မတန်မှာ ကြည်နူးစရာကောင်းလှပြီး ရက်ရှည်ခရီးစဉ်အတွက် အပန်းလည်း ပြေစေခဲ့ပါတယ်။

နေဝင်သွားတဲ့အထိ သွားရောက်လည်ပတ်ခဲ့တဲ့ Tian Shan Tian Chi ကနေ အပြန်မှာတော့ ရှင်းကျန်းအနုပညာပြဇာတ်ရုံမှာ တရုတ်နိုင်ငံရဲ့ ရှင်းကျန်း ဝီဂါ Muqam အနုပညာဖျော်ဖြေမှုကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ Muqams က ဂီတ၊ တူရိယာအစွမ်းပြမှု၊ သီဆိုခြင်းနဲ့ ကခုန်ခြင်းတို့ ပေါင်းစပ်ထားတဲ့ ကြီးမားကျယ်ပြန့်သော အနုပညာပုံစံတစ်ခုဖြစ်ပြီး အမျိုးအစားများစွာရှိတဲ့အနက် “Twelve Muqam”, “Turpan Muqam” , “Hami Muqam” နဲ့ “Daolang” တို့လည်းအပါအဝင်ဖြစ်ပါတယ်။ ရှေးခေတ်ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ Muqam ကို ယနေ့ခေတ်ထိ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ပြီး ဝီဂါလူမျိုးများရဲ့ ဘဝနဲ့ လူမှုရေးပုံစံကို ထင်ဟပ်စေတဲ့ စွယ်စုံကျမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ယူနက်စကိုကနေလည်း ရှင်းကျန်း ဝီဂါ Muqam အနုပညာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားပါတယ်။ ကျွန်တော်တို့အဖွဲ့က ရှင်းကျန်းဝီဂါ Muqam အနုပညာအဖွဲ့ရဲ့ ရင်သတ်ရှုမောဖွယ် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှု မှတ်တမ်းတင်ခဲ့ကြပါတယ်။

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၄ )

အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Gaochang ခရိုင် Turpan မြို့ အနောက်ဘက် ၁၁ ကီလိုမီတာခန့်အကွာ Yarzhi တောင်ကြားမှာ တည်ရှိတဲ့ Jiaohé ရှေးဟောင်းမြို့တော်交河故城Site of Yar City ကိုရောက်ရှိခဲ့ပါတယ်။ Jiaohé ရှေးဟောင်းမြို့တော် ကမ္ဘာပေါ်မှာ မြေသားဗိသုကာလက်ရာဖြင့် အကြီးဆုံးနဲ့ ရှေးအကျဆုံးမြို့ ဖြစ်ပါတယ်။ ဒီနေရာက တရုတ်နိုင်ငံမှာ တည်ရှိဆဲဖြစ်တဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ထိန်းသိမ်းထားတဲ့ မြေသားဗိသုကာနေရာ ဖြစ်ပြီး ဟန်မင်းဆက်ရဲ့ မြို့ပြအပျက်အစီးများကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တရုတ်နိုင်ငံက တစ်ခုတည်းသော ယဉ်ကျေးမှု အမွေအနှစ်ဌာနတစ်ခုဖြစ်ကာ ရှေးဟောင်းမြို့များကို လေ့လာရန်အတွက် ကမ္ဘာ့တစ်ခုတည်းသော နမူနာပုံစံဖြစ်တယ်။ Jiaohe ရှေးဟောင်းမြို့တော်က ပထမဆုံးအသုတ် နိုင်ငံတော် ဦးစားပေး ကာကွယ်သော ယဉ်ကျေးမှု အမွေအနှစ်နေရာဖြစ်ပါတယ်။

အဲဒီကနေဆက်ပြီး Turpan မြို့ က နှစ်ပေါင်း ၂၀၀၀ ကျော်သမိုင်းကြောင်းရှိတဲ့ 坎儿井ကာရက်ဇ် မြေအောက်ရေတွင်းတူးမြောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ ကာရက်ဇ် က ဂရိတ်ဝေါ မဟာတံတိုင်း၊ ဂရင်းတူးမြောင်းနဲ့အတူ တရုတ်နိုင်ငံရဲ့ ကြီးကျယ်လှတဲ့ ရှေးဟောင်းပရောဂျက် ၃ ခုအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူက ကန္တရဒေသ မိုးနည်းမြေမှာ ဘိုးစဉ်ဘောင်ဆက် လူအားနဲ့ တူးဖော်ဖန်တီးထားတဲ့ ရှေးဟောင်းရေထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းလို့ဆိုရမှာဖြစ်ပါတယ်။ ကာရက်ဇ် ရေတွင်းတူးမြောင်း ရဲ့ အဓိကလုပ်ဆောင်မှုက နွေဦးရာသီနဲ့နွေရာသီမှာ မြေကြီးထဲ စိမ့်ဝင်လာတဲ့ မိုးရေ၊ ရေခဲမြစ်နဲ့ နှင်းအရည် အမြောက်အမြား ဆွဲယူဖို့ တောင်ပေါ်က သဘာဝ လျှောစောက်ကို အသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်ဖို့နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရေများကို ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုနဲ့ ကာရက်ဇ်က မြေအောက်ရေကို လမ်းကြောင်းပြောင်းလို့ ကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲစေခဲ့ပါတယ်။

哈萨克民族风情园 ကာဇက်တိုင်းရင်းသားကျေးရွာဥယျာဉ်ကိုလည်း ရောက်ရှိခဲ့ပါသေးတယ်။ ကာဇက်တိုင်းရင်းသားဥယျာဉ်က ကာဇက်တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ရှုခင်းဥယျာဉ်များ၊ မြင်းပြိုင်ပွဲများ၊ အပန်းဖြေမှု၊ ဖျော်ဖြေမှုနဲ့ အစားအသောက်များ ပေါင်းစပ်ထားတဲ့ လူမျိုးရေးလက္ခဏာများ ပါရှိတဲ့ ရိုးရာယဉ်ကျေးမှု အပန်းဖြေဥယျာဉ်ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9c%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba-5/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4小时前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....