ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဥ်တစ်စီး မီးလောင်
မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း၊ သလ္လာဝတီဇက်ဆိပ်တွင် ကုန်တင်အမြန်ရေယာဥ်တစ်စီး ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ဆုံးရှုံးမှုကိုလည်း စိစစ်ဆဲဖြစ်ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်၊ သလ္လာဝတီဇာတ်ဆိပ်တွင် ကုန်တင်အမြန်ရေယာဥ် မီးလောင်မှုသတင်းရရှိ၍ မုံရွာခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်များ၊ အရန်မီးသတ်စခန်းများမှ မီးသတ်ယာဥ်များ ထွက်ခွာငြှိမ်းသတ်ရာ မွန်းလွဲ ၁နာရီခွဲတွင် မီးငြိမ်းကြောင်း ထုတ်ပြန်အသိပေးထားချက်အရ သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%af/