ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )

ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်တစ်ခုဖြစ်တဲ့ ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )

Aksu မြို့မှာ တစ်ရက်တာလည်ပတ်လေ့လာခဲ့ရာမှာ 温宿县托乎拉乡金华新村Wensu ကောင်တီ၊ Tuohula မြို့နယ်မှာရှိတဲ့ Jinhua ကျေးရွာသစ်၊ 柯柯牙纪念 kē kē yá အမှတ်တရခန်းမ၊ 天山托木尔大峡谷Tiānshān tuō mù ěr dà xiágǔ တောင်ကြား သို့ရောက်ရှိလည်ပတ်ခဲ့ရပါတယ်။

Jinhua ကျေးရွာသစ်က နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ကျေးလက်ဒေသပြန်လည်ထူထောင်ရေးစံပြကျေးရွာ ဖြစ်လာခဲ့ပြီး ကျေးရွာသမိုင်းပြတိုက်၊ စာကြည့်တိုက်၊ သာယာလှပတဲ့ရှုခင်းတွေနဲ့ ခရီးသွားနေရာတစ်ခု ဖြစ်လို့နေပါတယ်။

ရှင်းကျန်း၏ ပထမဆုံး ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်မှု အောက်မေ့ဖွယ်ခန်းမဖြစ်တဲ့ KeKeYa မှာ စိမ်းလန်းတဲ့အရောင်တွေ လင်းလဲ့တောက်ပလို့နေပါတယ်။ KeKeYa အောက်မေ့ဖွယ်ခန်းမမှာ ပြခန်း ၆ ခု ရှိပြီး မိတ်ဆက်ခန်းမ၊ သဲကန္တာရ၏ ဝမ်းနည်းခြင်း၊ စတင်ရန် ခက်ခဲမှု၊ ကြိုးစားမှုခရီး၊ အောင်သီးအောင်နှံများနဲ့ အနာဂတ်သို့သွားရာလမ်းစတာတွေကို ရုပ်ပုံနှင့်စာသားတွေအပြင် ခေတ်မီနည်းစနစ်မျိုးစုံနဲ့ အပြင်အဆင်တွေကို စိတ်ဝင်စားဖွယ်လေ့လာနိုင်ပါတယ်။ ခန်းမကနေထွက်ပြီး ပန်းသီးခြံကိုလည်း သွားရောက်လေ့လာခဲ့ရပါသေးတယ်။ အဲဒီနေရာက အသီးအနှံတွေက အရည်အသွေး အထူးကောင်းမွန်တာမို့ အသီးအနှံကောင်းတို့ရဲ့တိုင်းပြည် လို့တောင်အမည်ပေးထားပါတယ်။

ဒီမြင်ကွင်းဟာ သင်ပထမဆုံးမြင်ဖူးတာဖြစ်နိုင်သလို နောက်ဆုံးမြင်တွေ့ခွင့်ရတဲ့မြင်ကွင်းလည်း ဖြစ်သွားနိုင်တယ်ဆိုတဲ့ နီညိုရောင်တောင်တန်း天山托木尔大峡谷Tiānshān tuō mù ěr dà xiágǔ တောင်ကြား ချောက်ကမ်းပါးဟာ စိတ်လှုပ်ရှားစရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ နေပူ၊ မိုးရွာ၊ လေတိုက်ခြင်းစတဲ့ သဘာဝ ရာသီဉတုအခြေအနေ အပြောင်းအလဲကြောင့် သဲသောင်မြေသားတောင်တန်းတွေဟာ ပြိုကျတာ၊ နေရာရွေ့တာတွေနဲ့အတူ အချိန်မရွေး ပြောင်းလဲသွားနိုင်တာကြောင့်လည်း အခုလိုပြောတာလည်း ဖြစ်ပါတယ်။ အဲဒီနီညိုရောင်တောင်တန်းရဲ့ တစ်နေရာမှာ နှင်းဖြူဆားအလွှာတွေ၊ အဖြူရောင်ဖုံးနေတဲ့ ဆားတောင်ထွတ်တွေ၊ နှင်းဖြူဆားရေတံခွန်တွေနဲ့ ကြည်လင်တဲ့ဆားချောင်းတွေက သဘာဝအလှပြခန်းတစ်ခုရှိပါတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )

Aksu မြို့မှာ တစ်ရက်တာကုန်ဆုံးသွားပြီး လေယာဉ်နဲ့ ရှင်းကျန်းရဲ့မြို့တော် Urumqi မြို့ကို ဆက်ပြီးသွားပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ Urumqi မြို့ကနေ Changji Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ昌吉市 Changji မြို့ကိုသွားပြီး အဲဒီမြို့မှာရှိတဲ့ 九圣禾种业股份有限公司 Join Hope Seed Industry Co., Ltd. ကို ရောက်ရှိလေ့လာကြပါတယ်။ အဲဒီကုမ္ပဏီက ဂျုံ၊ ပြောင်း၊ ဝါ၊ ဟင်းသီးဟင်းရွက်နဲ့ အထူးသီးနှံမျိုးကွဲအသစ်တွေ၊ မျိုးစေ့ထုတ်တာ ပြုပြင်တာနဲ့ စျေးကွက်ချဲ့ထွင်တဲ့ ဝန်ဆောင်မှုတွေကို သုတေသနပြု ပေါင်းစပ်မွေးမြူစိုက်ပျိုးခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အမျိုးသား ပေါင်းစပ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် ( ၃ )

အဲဒီကနေ 新疆农业博览园 ရှင်းကျန်းနိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲဥယျာဉ်ကို သွားရောက်ခဲ့ပါတယ်။ ပန်းပေါင်းဝေဆာနေတဲ့ လှပတဲ့ပန်းခင်းကြီးက ကြိုဆိုနေပြီး ကစားကွင်းတွေ အနားယူနေရာတွေနဲ့ အပန်းဖြေလာကြတဲ့သူတွေ အများအပြားရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/16/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9c%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba-4/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 14小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....