တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့်ညီနောင်သုံးဖော် ယာယီအပစ်အခတ် ရပ်စဲရန် သဘောတူ

တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့်ညီနောင်သုံးဖော် ယာယီအပစ်အခတ် ရပ်စဲရန် သဘောတူ

တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့်ညီနောင်သုံးဖော် ယာယီအပစ်အခတ် ရပ်စဲရန် သဘောတူ

မကြာသေးမီက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲပြီးနောက် သတင်းထောက်များက “သတင်းဖော်ပြချက်များအရ မြန်မာနိုင်ငံတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံ၏ကူညီမှုဖြင့် မြန်မာနိုင်ငံအစိုးရသည် MNDAA ၊ TNLA ၊ AA တို့နှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်ဟုဆိုသည်။ တရုတ်နိုင်ငံဘက်က ထိုကိစ္စကို အတည်ပြုပေးနိုင်မည်လား။ မည်ကဲ့သို့မှတ်ချက်ပေးလိုပါသနည်း။” ဟူသောမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က အထက်ပါအတိုင်းဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း ဖြေဆိုသည်။

ဆက်လက်ပြီး လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာ လျော့နည်းလာကြောင်း၊ ၎င်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) အား အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ဖြေကြားခဲ့သည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/20/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%81%8f%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%85%e1%80%b1%e1%80%b7%e1%80%85%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7小时前
下一篇 7小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....