ဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းစာမေးပွဲ မုံရွာမြို့တွင်ကျင်းပ

ဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းစာမေးပွဲ မုံရွာမြို့တွင်ကျင်းပ

ဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းစာမေးပွဲ မုံရွာမြို့တွင်ကျင်းပ

မုံရွာမြို့၊ ဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းကျောင်း၏ အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဒီဇင်ဘာလ (၉)ရက်မှ (၁၁)ရက်နေ့အထိ မုံရွာမြို့၊ ရွှေစည်းခုံဘုရားကြီးပရဝုဏ်အတွင်း ကျင်းပကြောင်း သိရသည်။

(၃)ရက်တာကျင်းပသည့် စာမေးပွဲတွင် အဘိဓမ္မာ(ရိုးရိုး)ဖြေဆိုသူ (၇၃)ဦး၊ ဂုဏ်ထူးဆောင်ဖြေဆိုသူ (၂၁)ဦး၊ ဝိသုဒ္ဓိမဂ်ဖြေဆိုသူ (၅၁)ဦး၊ စုစုပေါင်း (၁၄၅)ဦး ဖြေဆိုကြသည်။

မုံရွာမြို့၊ ဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းကျောင်းကို (၂၀၁၄) ခုနှစ်ကစတင်၍ မန္တလေးမြို့မှ ဆရာကြီးဒေါက်တာဦးခင်မောင်ကြည်၊ ဆရာမကြီး ဒေါ်ချိုချိူမာနှင့် ဆရာ၊ဆရာမများက အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်များသင်ကြားပြီး စာမေးပွဲများကျင်းပလာသည်မှာ (၁၀)ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

ဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းစာမေးပွဲ မုံရွာမြို့တွင်ကျင်းပဓမ္မဒီပ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓစာပေသင်တန်းစာမေးပွဲ မုံရွာမြို့တွင်ကျင်းပ

သံယုတ်သင်တန်း ဆက်လက် တက်ရောက်မည့် သင်တန်းသားဟောင်းများအတွက် အထက်သံယုတ်သင်တန်းကို (၂၀၂၄) ခုနှစ် ဇန်နဝါရီလမှ မတ်လ နောက်ဆုံးပတ်အထိ သင်တန်းကာလ (၃)လကို အွန်လိုင်းမှသင်ကြားပေးမည်ဖြစ်သည်။

သင်တန်းတက်ရောက်သူများသည် (၂၀၂၄) ခုနှစ် မေလဆန်းတွင် စစ်ဆေးသော စာမေးပွဲကြီးကို ဖြေဆိုနိုင်ရမည်ဖြစ်ပြီး အခန်းပြီး အစမ်းစာမေးပွဲ (Chapter End Test)များ ဖြေဆိုနိုင်ရမည်ဖြစ်ကာ စာမေးပွဲကြီးတွင် အမှတ်(၉၀) အထက် ရရှိသူ ပြည်လုံးဆုရှင်(ဂုဏ်ထူးဆောင်ဆုရှင်) ကို ကျပ်တစ်သန်းဆု ချီးမြှင့်မည်ဖြစ်သည်။

သံယုတ်ငါးကျမ်းပြီးဆုံးသူများကို “သံယုတ္တာဂမ ပရိယတ္တိဝိသာရဒသာသနမာမက”ဘွဲ့၊ သံယုတ်ငါးကျမ်းစလုံးကို ဂုဏ်ထူးဖြင့် အောင်မြင်သူများကို “သံယုတ္တာဂမ ဂုဏဝိသိဋ္ဌ ပရိယတ္တိဝိသာရဒ သာသနမာမက” ဘွဲ့ ချီးမြှင့်မည်ဖြစ်သည်။
သံယုတ်(မြန်မာပြန်)ကို အချိန်(၃)လပေးပြီး ပါဠိတော်မြန်မာပြန်သာမက နိဿယ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများနှင့် ဆရာတော်ကြီးများ၏ ဟောကြားချက်များကို အခြေပြုကာ ထဲထဲဝင်ဝင် အသေးစိတ် ပို့ချပေးသော တစ်ခုတည်းသော သင်တန်းဖြစ်သည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/15/%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%92%e1%80%ae%e1%80%95-%e1%80%9c%e1%80%b0%e1%80%95%e1%80%af%e1%80%82%e1%80%b9%e1%80%82%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2小时前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....