မုံရွာအိုးရှင်းစျေးဝယ်စင်တာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ယာယီပိတ်မည်
မုံရွာမြို့ရှိ အိုးရှင်းစျေးဝယ်စင်တာ၏ ဝန်ဆောင်မှုပေးခြင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း စင်တာအုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေငြာထားသည်။
အိုးရှင်း(မုံရွာ)စင်တာဖွင့်လှစ်ခဲ့သည်မှာ ၇နှစ်ရှိပြီဖြစ်ပြီး ယာယီပိတ်မည်ကို အများသိအောင် အိုးရှင်းစင်တာ၏ မြင်သာသောနေရာများတွင် ကြေငြာထားပြီး အဆင်မပြေမှုများကိုလည်း စင်တာအုပ်ချုပ်ရေးအဖွဲ့က အသိပေးတောင်းပန်ထားသည်။
“စျေးဝယ်ရတာ ပစ္စည်းစုံတယ်။ အပြင်မှာဝယ်လို့မရတာ အိုးရှင်းမှာရှိတယ်။ အခုပိတ်တော့မယ်ကြားလို့ လိုတာလာဝယ်ကြတာပါ။ အမြန်ဆုံး ပြန်ဖွင့်နိုင်မယ်ထင်ပါတယ်”ဟု စျေးဝယ်တစ်ဦးကပြောသည်။
အိုးရှင်း(မုံရွာ)စင်တာကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ယာယီပိတ်ထားမည်ဟု စျေးဝယ်သူများကို အသိပေးထားခြင်းဖြစ်သည်။
အိုးရှင်းစင်တာသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဈေးဝယ်သူများနှင့်စည်ကားသောစင်တာတစ်ခုဖြစ်ကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/15/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%a1%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%9d%e1%80%9a%e1%80%ba/