၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော်ဝင်ရောက်ခဲ့

၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော်ဝင်ရောက်ခဲ့

၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော်ဝင်ရောက်ခဲ့

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း ခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၇၁ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၃)တွင် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ စတင်တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ကာ ကမ္ဘာလှည့် e-Visa ကို မေ ၂၀ ရက်တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်ထက် ဧည့်သည်ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၇၁ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေး အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/15/%e1%81%82%e1%81%80%e1%81%82%e1%81%83-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%98%e1%80%ac%e1%80%9c%e1%80%a1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....